ယူကရိန်း – ရုရှား စစ်ဖြစ်ခဲ့ရင် ဖြစ်ပေါ်လာမယ့် ကမ္ဘာ့အခြေအနေနဲ့ အနာဂတ် အလားအလာ

ယူကရိန်း- ရုရှစစ်ဖြစ်ရင် ဘာတွေ ဖြစ်လာမလဲ?

အမေရိကန် နဲ့ သူ့မဟာမိတ် နေတိုး နိုင်ငံ ၃၀ + ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ တို့ဟာ ရုရှ ကို စီးပွားရေး စစ်ရေး ပိတ်ဆို့ကြပါမယ်။ စစ်ရေး မဟာ အင်အားကြီး ရုရှ ရဲ့ အနေအထားကြောင့် ယူကရိန်းဘက်က ပေါ်ပေါ်ထင်ထင်ဝင်တိုက်ကြမှာတော့ မဟုတ်ဘူး။

ဒီစစ်ပွဲဖြစ်ခဲ့ရင် နောင်အနာဂါတ် နှစ်ပေါင်းများစွာ ရုရှ နဲ့ နေတိုး အဖွဲ့ဝင်တွေ ရန်စောင်ဖို့ အစပြုတဲ့ စစ်ဖြစ်လာမယ်။ စစ်လက်နက်များစွာ တိုးထုတ်ကြပါလိမ့်မယ်။

စစ်ဖြစ်တာနဲ့ လက်တလော စျေးတက်မှာ ရေနံ နဲ့ ဂျုံ ဖြစ်တယ်၊ ယူကရိန်းဟာ ကမ္ဘာ့ ဂျုံအထုတ်ဆုံးနိုင်ငံ တနိုင်ငံ ဖြစ်တယ်။ စတော့ခ်စျေးကွက် ပြိုကျနိုင်တယ်၊ ကမ္ဘာ့စီးပွါးရေး ဖရိုဖရဲဖြစ်မယ်။ စစ်ပွဲဟာ ကမ္ဘာ့ စီးပွါးရေး အတောင့်တင်းဆုံး တက္ကနော်လော်ဂျီ တည်ထွင်နိုင်မှု အမြင့်ဆုံး ဥရောပ နဲ့ အမေရိက ဖက်ကို စစ်မြှားလှည့်ထားတာကြောင့် ကမ္ဘာ့စီးပွါးရေး အတော်ဖရိုဖရဲ ဖြစ်သွားနိုင်ပါတယ်။

နိုင်ငံငယ်တွေ စစ်ရဲ့ အဟုန်ကြောင့် စီးပွါးရေး နိမ့်ကျခြင်းဒါဏ် နောက်ဆက်တွဲ ကို ပြင်းစွာခံစားရမယ်။ ရုရှဟာ စီးပွါးရေး နလံမထူ ဖြစ်မယ်၊ ကွန်မြူနစ်ရုရှဟာ ဆင်းရဲတဲ့ဒဏ်ကို ခံခဲ့ဖူးတယ်၊ ခံနိုင်တယ်၊ နိုင်ငံရေး စစ်ရေး ခေါင်းမာတယ်၊ ကြိတ်ခံပြီး စစ်ကို ဆက်ရင်ဆိုင်လိမ့်မယ် လို့ ယူဆပါတယ်။

ရုရှမှာ စစ်ရေး မဟာမိတ် ၆ နိုင်ငံရှိတယ်၊ အဲ့ဒီအပြင် ရုရှဟာ တရုတ် ၊ဆီးရီးယား၊ အီရန်၊ အိန္ဒိယ တို့ နဲ့ စစ်ရေးဆက်ဆံမှုရှိတယ်၊ ရုရှ ဘက်မှာ ကမ္ဘာ့အင်အားကြီး တရုတ်ရပ်တည်နိုင်တယ်။

ရုရှမှာ ညူကလီးယားလက်နက် ၆၄၀၀ ကျော်ရှိတယ်၊ တကမ္ဘာလုံး ပြိုပျက်သွားနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။ နေတိုးဘက်မှာလည်း အမေရိကန်မှာ ညူကလီးယား အလုံးရေ ၅၄၀၀ နဲ့ ပြင်သစ်၊ အင်္ဂလိပ်၊အစ္စရေး တို့မှာ ညူလက်နက်တွေ ရှိတယ်။ ရုရှ နဲ့ သူမသာ ကိုယ်မသာပါပဲ။

နေတိုး မှာ စစ်သည်အင်အား ၃.၅ သန်းကျော်ရှိတယ်၊ ရုရှ မှာ စစ်သည် တသန်းခန့်ရှိတယ်၊ ရုရှ နဲ့ တရုတ် ပေါင်းပြီး နောင် ၅-၇ နှစ်ကြား စစ်ဖြစ်ခဲ့ရင် နေတိုး ကို နိုင် နိုင်တယ်၊ အဓိက တရုတ် ဟာ ကုန်ထုတ်စွမ်းအား မြင့်တဲ့ စက်ရုံအမြောက်အများရှိလို့ ဖြစ်တယ်။ လိုအပ်တဲ့စစ်လက်နက်ကို နေတိုးထက်ပိုထုတ်နိုင်တယ်။

ရုရှ ဘက်က ဖြစ်စေ၊ နေတိုးဘက်က ဖြစ်စေ တဖက်ဖက် က ရပ်တည်ပြီး ကိုယ်နဲ့ မဆိုင်တဲ့ စစ်ပွဲလို စစ်ဖြစ်တာ ကြည့်ချင်စိတ် ကို ဖျောက်သင့်တယ်၊ နိုင်ငံတနိုင်ငံကို ကျူးကျော်တဲ့စစ်ဟာ မကောင်းဘူး၊ အထူးသဖြင့် ဒီစစ်ပွဲဟာ ကိုယ့်သားမြေးတွေ ချန်ခဲ့ရမယ့် ကမ္ဘာမြေကြီး အတွက် လုံးဝ မကောင်းဘူး။ စစ်ဖြစ်လာနိုင်သလား ဆိုတော့ ဒီနေ့အထိ ကြည့်ရရင် အများကြီး ဖြစ်နိုင်ပါတယ်။

ငြိမ်းချမ်းကြပါစေ။
Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page