ထိုင်းက လာတယ်ဆိုတဲ့ ဟော့ဒေါ့ချောင်း (၃) ချောင်း စားမိလို့ ဆေးရုံရောက်သွားရတဲ့ အဖြစ်

အရေးကြီးလို့ ကလေးရှိတဲ့ မေမေတွေမကျော်သွားပါနဲ့နော်.. သားသားက ကိုရီးယားအကင် အရမ်းကြိုက်တဲ့ သူပါ.. မေမေကလည်း ကျွေးနေကျမို့ သူပူဆာလို့ ကျွေးမိပါတယ်..

ခုပြောချင်တာက ခါတိုင်းစားရင် ဘာမှ မဖြစ်တတ်ပဲ ဟော့ဒေါ့ချောင်း ကြက်နီ တံဆိပ်ကို အိမ်မှာ ဝယ်ပြီး ကြော်ကျွေးမိတယ်.. သားသားက ၃ ချောင်း စားမိတယ်..

စားပြီး တစ်နာရီကျော် ကြာတော့ သားသား မအီမလယ် ဖြစ်လာပါတယ်.. နှုတ်ခမ်းတွေ ပြာတတ်ပြီး ညတစ်ကိုယ်လုံး ဖြူစုတ်လာပါတယ်.. အစာမကြေဘူး ထင်ပြီး မေမေကတော့ မြန်မာ လျက်ဆား လေး ကျွေးတယ်..

ခဏနေတော့ သားသားက အကုန် ပြန် အန်ထွက်တယ်.. ဆေးခန်း သွားတော့ GP ဆရာဝန် က vitamin C 500 အား တိုက်ပြီး အခြေနေ ကြည့်ခိုင်းပါတယ်.. သားသားက နှုတ်ခမ်း ပြာတာတွေ မလျော့သွားပါဘူး..

အမျိူး ဆရာဝန်က အောက်ဆီဂျင်တိုင်း ခိုင်းတော့ 91 ပဲ ရှိတယ်.. ဆရာက သူ့ဆီ အမြန်လာခိုင်းတော့ ဆရာ့ဆီ ရောက်တော့ အောက်ဆီဂျင်က 76 ပဲရှိတော့တယ်.. ဆရာက ဆေးရုံ အမြန်ပြေးခိုင်းပါတယ်..

ဆေးရုံရောက်တော့ သားသားက ဒီ case နဲ့ ဆေးရုံ ရောက်လာတာ ၄ ယောက်မြောက်တဲ့.. အရင် လူတွေက သားသား ထက်ပိုဆိုးတယ်တဲ့.. ပြာပြီး တက်ပါ တက်တာတဲ့.. ဆရာဝန်တွေလဲ လို အပ်တာ လုပ်ပေးပီး ခုတော့ သားသား ပြန်သက်သာ လာပါပြီ.

အောက်ဆီဂျင်ကတော့ တစ်ညလုံး ရှုရပါတယ်.. သား ဆေးရုံကတောင် မဆင်းရသေးဘူး သားသားလိုမျိူး ကြက်အူချောင်းအနီ စားပီးဆေးရုံ ရောက်လာတာ နောက်ထပ် ၂ ယောက်.. ပြာတတ် လာပီး အောက်ဆီ ဂျင်တွေ ကျလာတာ.. ကလေးတွေ သနားပါတယ်။

ဆရာဝန် ကြီးတွေ round လှည့်တော့ သူတို့ဆေးရုံတွေမှာလည်း ကြက်အူချောင်း စားလို့ ရောက်လာတဲ့ ကလေးတွေ ၁၀ ယောက်လောက်ရှိပြီတဲ့.. ဒီမေမေလည်း အရမ်းပြာပီး ငိုဖို့ ကလွဲပီး ဘာမှ မတတ်နိုင်ခဲ့ဘူး..

သားသား လိုမျိူး ကလေးတွေ ထပ်မဖြစ်အောင် မေမေတွေ ဂရုစိုက်ပြီး ကျွေးပါနော်.. ဒေါက်တာညီညီ (အင်းစိန်) နှင့်ပါရမီဆေးရုံမှ ဆရာ ဆရာမ များကို ကျေးဇူးအထူးတင်ပါတယ်..

Hninsi Wah

ပုံမှာ ပြထားတဲ့ ထိုင်းကလာတယ်ဆိုတဲ့ ကြက်နီတံဆိပ် ဟော့ဒေါ့ချောင်းကို စားမိတဲ့ ကလေး တော်တော်များများ ဒီလို ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအောက်လမ်းကနေ ဝင်လာတဲ့ ဈေးသက်သာတဲ့ ဟော့ဒေါ့ချောင်းတွေဟာ ကျန်းမာရေး စစ်ဆေးမှု မရှိ၊ အာမခံချက်မရှိတဲ့ တရားမဝင် ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။

ယခုလို တာဝန်ခံမှု မရှိ၊ အုပ်ချုပ်မှု ပျက်ပြားနေတဲ့ ကာလမှာ အန္တရာယ် ရှိစေတဲ့ ဒီလို အစားအသောက်တွေ မြန်မာပြည်ထဲကို အများအပြား ဝင်လာနေပါတယ်။ တခုခု ဆိုးဆိုးဝါးဝါး ဖြစ်သွားရင် ဘာမှ မတတ်နိုင်ပါဘူး။ အဲဒါကြောင့် မိဘများအနေနဲ့ တတ်နိုင်သမျှ အပြင်စာတွေကို စိစစ်ပြီးမှ ကလေးတွေကို ကျွေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page