ကိုရီးယားမှာ လယ်သွားလုပ်ရမယ်၊ ပွဲစားခ (၁၇) သိန်းပေးရင် အပြီးအစီးဆိုတဲ့ ဂျင်းထည့်တဲ့ကိစ္စကို ရှင်းပြီ
ရာသီချိန် လုပ်သား ဘယ်လိုလဲ
အခုတဲ့၊ နယ်ကနေပြီးတော့တဲ့ ရန်ကုန်ရောက်နေကြပြီတဲ့၊ ကိုရီးယားမှာ လယ်သွားလုပ်ရမယ်ဆိုပြီး ခေါ်လာတာတဲ့။ အကျိုးဆောင်ခ ၁၇ သိန်း ပေးရမှာတဲ့။ လောလောဆည်တော့ ၅ သိန်း ပေးထားကြရတယ်တဲ့။ အဲဒါတဲ့ ဆရာဝိုင်း အမြင်လေး ပြောပါဦးတဲ့။
ထပ်မံ တင်ပြလိုက်ပါတယ်ဗျာ။ ဘယ် နှကြိမ် ရှိနေမှန်းတောင် မသိတော့ပါဘူး။ ဖတ်ရှု တော် မူကြပါကုန်။
ရာသီချိန်လုပ်သားဗီဇာ သိမှတ်စရာ
ခုတလော ကိုရီးယားရာသီချိန် လုပ်သားဗီဇာအကြောင်းမေးကြမြန်းကြတာ ခဏခဏ ။ ရှာဖတ်ဆိုလည်းမရ ၊ မအားသေးဘူးဆိုလည်းမရ ။ အမျိုးတွေ ဒုက္ခရောက်မှာစိုးလို့ ကူညီပါဦးဆိုပဲ ။ ခုခေတ် လူတိုင်းနီးပါး အင်တာနက် သုံးနိုင်တဲ့ခေတ်ပါဗျာ ။ သိပ်မအ ကြပါနှင့်ဆိုတဲ့ အမှာစကား နှင့်ပဲ နှုတ်ခွန်းဆက်လိုက်ပါရစေ။
တောင်ကိုရီးယားမှာ လယ်လုပ်မယ့်သူ ၊ ငါးလုပ်ငန်းလုပ်မယ့်သူတွေ မရှိကြဘူး။ အဲ့ဒီကွက်လပ်ဖြည့်ဆည်းဖို့ ကိုရီးယားအစိုးရဟာ ရာသီချိန်လုပ်သား စနစ်ကို အကောင်အထည်ဖော်လာပါတယ်။ ၂၀၁၅ မှာ စမ်းခဲ့ပြီး ၊ ၂၀၁၇ မှာ အတည်ဖြစ်လာတာ။
အစကတော့ အချိန်တိုအလုပ်ဗီဇာနှင့် စခဲ့တာ ၊ ရက် ၉၀ ပဲရတယ်။ အချို့ အလုပ်တွေကမလုံလောက်တော့ ၊ ၅ လထိ လုပ်လို့ရတဲ့ စနစ်ကို တီထွင်လိုက်ကြပါတယ်။ (ယခင်ရှိပြီး) ဗီဇာအမျိုးအစားကို ပြန်ပြီး ပြုပြင်လိုက်တာပါ။ ဒီတော့ ဒီစနစ်နှင့် လာလို့ရတာ ၂ မျိုးပါ။ ရက် ၉၀ သို့မဟုတ် ၅ လ။
အလုပ်ရှင်က သဘောကျရင် ၊ ဗီဇာကုန်ခါနီး စာချုပ်ချုပ် ၊ နောက် ထပ်လာလို့ရပါတယ် ။ အကြိမ်ရေ ကန့်သတ်ထားတာ မရှိပါဘူး။ အလုပ်ရှင်တစ်ယောက်ကိုတော့ ၁ နှစ်ကို အလုပ်သမား ၆ ယောက် (၆ကြိမ်) ခေါ်လို့ရပါတယ် ။ ထွက်ပြေးတာ မရှိလျင် ၁ ယောက် အပိုဆောင်း ထပ် ခေါ်ယူခွင့်ရသလို ၊ ၈ နှစ်အောက် ခလေးရှိတဲ့ အလုပ်ရှင်ကလည်း ၁ ယောက် အပိုဆောင်း တိုးပြီးခေါ်ယူခွင့်ရှိပါတယ်။
လုပ်ပိုင်ခွင့် (စနစ်ကို မောင်းနှင်ခွင့်အာဏာ) ကို (ပြည်နယ်) ဒေသဆိုင်ရာအာဏာပိုင်တွေကို ပေးထားပါတယ် ။ ဗဟိုအစိုးရက တိုက်ရိုက် စီမံကွပ်ကဲတာ မလုပ်ပါဘူး ။ အဲ့ဒီ ပြည်နယ်အစိုးရအဖွဲ့တွေက ၊ အခြားသော နိုင်ငံမှ ဒေသဆိုင်ရာအာဏာပိုင်များ နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်ခွင့်ရရှိပါတယ်။
ဥပမာ ဂါန်ဝန်ဒို ပြည်နယ်အစိုးရအဖွဲ့က ၊ မြန်မာပြည် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် တိုက်ရိုက် စာချုပ်ချုပ်ပြီး ဆောင်ရွက်လို့ရပါတယ်။
သို့သော် တစ်ဖက်နိုင်ငံမှ စာချုပ်ချုပ်မယ့် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ကို သက်ဆိုင်ရာနိုင်ငံ ဗဟိုအိစုးရက ကန့်သတ်/ကန့်ကွက်ထားခြင်း မရှိကြောင်း သက်သေခံစာ ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။ (ဗဟိုအစိုးရက သဘောတူရမယ်ပေါ့)။
ဒီတော့ ဒီ ရာသီချိန် လုပ်သား စနစ်ဟာလည်း နှစ်နိုင်ငံ အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ရမယ့် စနစ်ပါပဲ ။ တိတ်တိတ်ပုန်းဆောင်ရွက်ရမယ့် စနစ်မဟုတ်ပါဘူး။
ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ၊ ကြားလူ/အဖွဲ့အစည်းကို တာဝန်မပေးရ/ကိုယ်စားလှယ်မခန့်ရဘူး ။ (ပွဲစားမထားရဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ) ။ ဆောင်ရွက်ခပေးစေတာ ၊ လစာမှ ဖြတ်ယူတာမျိုးလည်း ခွင့်မပြုပါဘူး ။ (လေယာဉ်လက်မှတ်ခ ၊ ဗီဇာကြေးမှ အပ အားလုံး ဖရီး)။
ဘယ်သူတွေ လျှောက်ထားနိုင်သလဲ ။ အသက် ၃၀ မှ ၅၅ နှစ်အတွင်း ကျန်းမာသန်စွမ်းသူ (ကျား/မ မခွဲ) ။ လူရွေးချယ်တာကို ဆိုင်ရာ နိုင်ငံကပဲ အပြီးသတ်ရွေးချယ်ပေးရမယ် ။ (အီးပီလို ကိုရီးယားအလုပ်ရှင်က မရွေးဘူး) ။ နောက် ကိုရီးယားနှင့် အိမ်ထောင်ကျထားသူရဲ့ မိသားစုဝင်များကတော့ (ဆိုင်ရာမှ တစ်ဆင့်) တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။
ဒီတော့ စာမေးပွဲဖြေရတာမျိုးမဟုတ်ပေမယ့် ၊ တိုးတိုးတိတ်တိတ် လုပ်ရတဲ့ ကိစ္စ မဟုတ်ပါဘူး ။ မြန်မာနိုင်ငံသားတွေ တရားဝင်လာလို့ရမယ့် အချိန်မှာ အစိုးရက တရားဝင်ကြေညာပါလိမ့်မယ် ။ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများက လူသိရှင်ကြားဆောင်ရွက်ပါလိမ့်မယ်။
ကြားသိသမျှ ပြောရရင်တော့ လွန်ခဲ့သော ၂ နှစ်ခန့်က (ကိုရီးယား) ဂါန်ဝန်ပြည်နယ်အစိုးရ နှင့် (မြန်မာဖက်) ပြည်နယ်အစိုးရတို့ သဘောတူ စာချုပ်ချုပ်ခဲ့ကြပါတယ် ။ ဗဟိုအစိုးရရဲ့ သဘောတူညီချက်မရလို့ ပျက်ခဲ့ကြောင်း သိရပါတယ်။
နောက် ၂၀၂၀ ရွေးကောက်ပွဲ နီးကာနီး လွတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက ၊ ကိုရီးယားပြည်နယ်အစိုးရတဖွဲ့ နှင့် ချိတ်ဆက်ပြီး ၊ (မဲဆွယ်တဲ့ အနေနှင့်) ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တိုင်းဒေသကြီး တစ်ခုမှာ သတင်းတွေ ဖြန့် ၊ ဗဟိုအစိုးရဆီ ခွင့်ပြုချက်တင်ခဲ့ကြောင်း သိရပါတယ်။
အနှစ်ချုပ်ကတော့ ရာသီချိန်လုပ်သားစနစ် မြန်မာတွေ တရားဝင်လာဖို့ မရှိသေးပါဘူး။
လေးစားမှုဖြင့်-
ဦးဦးဝိုင်း (မိုးညှင်း)
၂၀၂၁-၀၁-၁၆