နွေရာသီမုန်တိုင်းနဲ့ ဆောင်းတွင်း မိုးတွေစွေမယ့် အကြောင်း ပြောလိုက်တဲ့ တိကျမှန်ကန် ဆရာမလေး စုစုစံ
၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ၂၀ ရက်နေ့အတွင်း သိမ်ဆိပ် ဒုံးဝန်း ဘီးလင်း သထုံ ကျိုက်ထို ဘားအံ ချောင်းနှစ်ခွ မိုးတွေရွာနိုင်ပါတယ်။
ရာဘာလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ ပျက်စီးမှုမရှိအောင် စီမံခန့်ခွဲလုပ်ဆောင်နိုင်ကြစေရန်အတွက် ရက်ဝေး ခန့်မှန်းပေးရခြင်း ဖြစ်ပါတယ်။
ရက်ဝေးခန့်မှန်းပေးထားတာဖြစ်ပေမယ့် မင်းဂွတ်သီးလေးရဲ့ တိကျမှန်ကန်တဲ့ မိုးလေဝသခန့်မှန်းချက်များသည် ရက်နီးပြောင်းလဲခြင်းမရှိနိုင်ပါဘူး။ မိမိပညာကို မိမိယုံကြည်မှုအပြည့်အဝရှိတယ်လေ (ခန့်မှန်းချိန် ၁၀-၂-၂၀၂၂ နေ့လည် ၂ နာရီ ၄၇ မိနစ်)
၂၀၂၂ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း တနင်္သာရီတိုင်းတောင်ပိုင်း အနောက်ဖက် ကပ္ပလီပင်လယ်ပြင်တွင် နွေရာသီ မုန်တိုင်း (summer storm) ဖြစ်ပေါ်မှာဖြစ်ပြီး ၁၆ ရက်နေ့ ၁၇ ရက်နေ့ ၁၈ ရက်နေ့တွေမှာ ရာသီဥတုဆိုးရွား ပြင်းထန်နိုင်ပါတယ် တနင်္သာရီတိုင်းကြီးတွင် မိုးကြီးနိုင်ပါတယ် အဆိုပါရက်များအတွင်း ကပ္ပလီပင်လယ်အတွင်းသို့ ငါးဖမ်းထွက်ခြင်း အပျော်ခရီးသွားခြင်းမလုပ်သင့်ပါဘူး အန္တရာယ်ရှိပါတယ် (ခန့်မှန်းချိန် ၁၀-၂-၂၀၂၂ ရက်နေ့ နေ့လည် ၃ နာရီ ၃၈ မိနစ်)
နွေရာသီ ပျောက်ဆုံးနိုင်တယ် ပြောခဲ့သလို နွေမကူးနိုင်ပဲ ဆောင်းမှာမိုးတွေရွာဦးမယ်။ ၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းအရှေ့ပိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ မိုးတွေရွာနိုင် ပြန်ပါတယ်။
၁၇ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မွန်ပြည်နယ် ကရင်ပြည်နယ် ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။ ဆားလုပ်ငန်း အုတ်လုပ်ငန်း ရာဘာလုပ်ငန်းနှင့် ရေထိမခံနိုင်သော လုပ်ငန်းလုပ်ဆောင်နေကြသူများ ပျက်စီးမှု မရှိအောင်စီစဉ်ဆောင်ရွက်နိုင်ရန် ရက်ကြိုခန့်မှန်းပေးရခြင်းဖြစ်ပါတယ်။
ဆောင်းမိုးတွေရွာမယ် Climate Change – ၂၀၂၂ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ၁၈ ရက်နေ့ ၁၉ ရက်နေ့တွေမှာ ဧရာဝတီတိုင်း တောင်ပိုင်း ရန်ကုန်တိုင်း ဒေသတွေမှာ မိုးတွေရွာပါမယ် ငပုတော လပွတ္တာ ဒေသတွေက ဆားလုပ်ငန်းလုပ်ဆောင်နေကြသူတွေ ၁၆ ရက်နေ့မတိုင်မီ ပျက်စီးမှုမရှိအောင် ဆားကြုံးထားကြပါ ဆားကြုံးချိန်ရရှိအောင် ရက်ကြိုခန့်မှန်းပေးထားတာဖြစ်ပါတယ်
တောင်သူလယ်သမားတွေလည်း ပျက်စီးမှု မရှိအောင် ပြင်ဆင်ကြပါ အုတ်လုပ်ငန်းသမားတွေလည်း ပျက်စီးမှုမရှိအောင် စီမံဆောင်ရွက်နိုင်ကြပါစေ။ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူအားလုံး ယခု ရက်ဝေးကြိုတင်ခန့်မှန်းချက်လေးကြောင့် မိုးကြောင့် ပျက်စီးမှုမရှိအောင်လုပ်ဆောင်နိုင်ကြပစေလို့ မင်းဂွတ်သီးလေးက တောင်းဆုမွန်ချွေလိုက်ပါတယ်နော် (ခန့်မှန်းချိန် ၁၀-၂-၂၀၂၂ ရက်နေ့ ည ၇ နာရီ ၃၄ မိနစ်)
၂၀၂၂ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၁၉ ရက်နေ့ မိုး – ပဲခူးခရိုင် သာယာဝတီခရိုင် ညောင်လေးပင်ခရိုင် တောင်ငူခရိုင် နေပြည်တော်နှင့် ကယားပြည်နယ်တွေမှာ အချိန်အခါမဟုတ် ဆောင်းမိုးတွေ ရွာနိုင်ပါတယ်။ (ခန့်မှန်းချိန် ၁၀-၂-၂၀၂၂ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်)
Su Su San (Senior Meteorologist, Advanced Weather Forecaster & Meteorological Intelligence Officer)