ရန်ကုန် လှည်းတန်း ဦးထွန်းလင်းခြံလမ်းထဲက အိုင်ဒီယာဆန်းတဲ့ စာအုပ်စက်ဘီးလေး

ရန်ကုန်မြို့ လှဉ်းတန်း ဦးထွန်းလင်းခြံလမ်းဆိုတာ လူသွားလူလာ များပြား ရှုပ်ထွေးတဲ့ လမ်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် သင်တန်းတက်ကြသူများ၊ အလုပ်ကိစ္စ သွားလာလှုပ်ရှားကြသူများနဲ့ အမြဲလိုလို စည်ကားတတ်တဲ့ နေရာ တခု ဖြစ်ပါတယ်။

အဆိုပါ ဦးထွန်းလင်းခြံလမ်းထဲမှာ စာအုပ်ဆိုင်ကြီးတွေ အများအပြား ရှိကြပါတယ်။ အဲဒီ စာအုပ်ဆိုင်ကြီးတွေ ကြားထဲမှာ အိုင်ဒီယာဆန်းဆန်းလေးနဲ့ ထွက်ပေါ်လာတဲ့ ဆိုင်လေးကတော့ စာအုပ် စက်ဘီးလေးပဲ ဖြစ်ပါတယ်။

စက်ဘီးပေါ်မှာ စာအုပ်အပြည့်ထည့်ထားတဲ့ ခြင်းတောင်း တင်ထားပြီး လူငယ်လေးတွေက ရောင်းချပေးနေတာ ဖြစ်ပါတယ်။ စာအုပ်များကိုလည်း မြည်းစမ်း ဖတ်ရှုနိုင်ပြီး လိုချင်တဲ့ စာအုပ်တွေကိုလည်း မှာယူလို့ ရတယ်လို့ သိရပါတယ်။ အွန်လိုင်းကနေလည်း မှာယူနိုင်တယ်လို့ သိရပါတယ်။

ဒီနေ့ခေတ်မှာ အွန်လိုင်းကနေ စာအုပ်တွေ ဖတ်ရှုနိုင်ပြီ ဆိုပေမယ့်လည်း လက်ထဲမှာ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာကို ပိုကြိုက်တဲ့ စာဖတ်ဝါသနာအိုး အများအပြား ရှိနေပါသေးတယ်။ အခုလို ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့ အဖိုးနည်း ဝန်ပါဆိုသလို ပြုလုပ်ထားတဲ့ စာအုပ်စက်ဘီးလေးကို စာပေဝါသနာရှင်တွေ ကြိုက်နှစ်သက်မှာ အသေချာပါပဲ။

အဲဒါကြောင့် ဦးထွန်းလင်းခြံလမ်းထဲမှာ ညနေ ၅ နာရီခွဲအထိ ရှိတဲ့ စာအုပ်စက်ဘီးလေးဆီမှာ ကမ္ဘာကြီးရဲ့ ပြတင်းပေါက်နဲ့ တူတဲ့ စာအုပ်စာပေတွေကို မြည်းစမ်းကြည့်လို့ ရပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page