ဒေါ်လာသန်း ရာနဲ့ချီတန်ဖိုးရှိတဲ့ ဇိမ်ခံကားများ သယ်ဆောင်လာတဲ့ ကုန်တင်သင်္ဘော မီးလောင်မှု ဖြစ်ပွား
အမေရိကန်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ တန်ဖိုးကြီး ဇိမ်ခံကားများ ဖြစ်တဲ့ ပေါ်ရှေး၊ အော်ဒီ၊ ဘန်တလေနဲ့ ဗောက်စ်ဝက်ဂွန်း အမှတ်တံဆိပ် ကားများ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစီး မီးလောင်နေတယ်လို့ သိရပါတယ်။
အတ္တလန္တိတ်သမုဒ္ဒရာ အတွင်းရှိ ပေါ်တူဂီပိုင် အဇိုးရီးကျွန်းစုများအနီးမှာ ယမန်နေ့က မီးလောင်နေတယ်လို့ သိရပါတယ်။
ယင်းကုန်တင်သင်္ဘောမှာ ပနားမားအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောဖြစ်ပြီး၊ သင်္ဘောပေါ်တွင် ပါရှိသည့် သင်္ဘောသား ၂၂ ဦးမှာမူ မီးဘေးမှလွတ်ခဲ့ကြောင်း ပေါ်တူဂီရေတပ်က သတင်းထုတ်ပြန်ထားပါတယ်။
သင်္ဘောပေါ်တွင် ပေါ်ရှေး ကား အစီးရေ ၁၁၀၀ နှင့် ဘန်တလေကား ၁၈၉ စီးပါရှိကြောင်းသိရပြီး၊ အခြားကားများ၏ အရေအတွက်ကိုမူ မသိရသေးသလို၊ ကားမည်ရွေ့မည်မျှ ပျက်စီးသည်ဆိုခြင်းကိုလည်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။