ဗီပီအန် သုံးရင် ထောင် ၃ နှစ်နဲ့ အခြား ပြစ်ဒဏ်များပါတဲ့ ဥပဒေ ပြဌာန်း ပါတော့မယ်
ဗီပီအန် သုံးရင် ထောင် ၃ နှစ်ပဲ အာရုံစိုက်နေကြလို့ ဥပဒေအသစ်ဆိုတဲ့ဟာကြီးမှာ
(၁) ဒစ်ဂျစ်တယ် ပိုက်ဆံတွေ၊ ခရစ်ပ်တို တွေ သုံးရင် ထောင် ၆ လက ၁ နှစ်။
(၂) အပြာရုပ်ရှင်တွေ ဇာတ်ကားတွေ ရှဲ တာ ပို့တာ၊ ပုံပို့တာဘာညာဆို ထောင် ၁ နှစ်မှ ၂ နှစ်။
(၃) ဘောပွဲလောင်းဖို့ အပလီကေးရှင်းထဲ အေးဂျင့် ကတဆင့် ငွေလှမ်းထည့်ရင် ထောင် ၁ နှစ်က ၃ နှစ်။
(၄) အွန်လိုင်းကနေ လောင်းရင် ( ခုဆို 2D 3D Online ကလောင်းတာ) ထောင် ၆လက ၁ နှစ်။
အဲဒါတွေ အကုန်ပါတယ်။ ဗီပီအန် မသုံးရဆိုတော့ ဖဘက လိုက်ဖ် လွှင့်ရောင်းနေတဲ့ ဆယ်လီကော သာမန်လူကော အကုန် အလုပ်မရှိဖြစ်ရောပေါ့။
အဲလောက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတောင် ဆက်ခံချင်နေသေးရင်လဲ ကိုယ်နဲ့တန်ရာပဲ ရတယ်လို့သာမှတ်။
Nay Thway