ကားတိုက်ခံရပြီး ကားသမားက လမ်းဘေးမှာ စွန့်ပစ်သွားလို့ လမ်းမလျှောက်နိုင်တဲ့ သနားစရာအဖိုး
သားကို ကျေးဇူးတင်လို့…ထိုင်ကန်တော့ပါရစေ သားရယ်
ကန်းစွန်းခင်းဘေး လမ်းဘေးမှာ နေရတဲ့ အဖိုး၊ အသက်(၆၀)ကျော်…မိသားစု မရှိ၊ နယ်ကနေ တက်လာပြီ ပန်းရံလုပ်ရင်း…ကား ဖြတ်တိုက်ခံလိုက်ရတယ်။ ကားသမားမှ ဆေးရုံမပို့ပဲ…ခုနေတဲ့ လမ်းဘေးနေရာမှာ ပစ်သွားတယ်။
ခြေထောက်က ကျိုးထားတော့…ကွေးထားတဲ့အတိုင်း အရိုးက ဆက်သွားပြီ လမ်းလျှောက်မရတော့ဘူး။ ကျနော် ရောက်သွားတော့…. အဖိုးကို ကယ်ပါနော်….
ဟုတ်ကဲ့…အဖိုးကို ကျနော် ခု ကယ်ဖို့ လာခဲ့တာပါ။ ကျေးဇူးတင်ပါတယ် သားရယ်…အဖိုးကို ရအောင် ကယ်ပေးပါနော်။
စိတ်ချ အဖိုး…အဖိုးကို ကျနော် ကယ်ဖို့ရောက်လာတာပါ…ရိပ်သာသွားချင်လား အဖိုး။ သွားချင်ပါတယ်…အဖိုးကို ဒီနေရာကနေ ကယ်ပေးပါ သားရယ်။ ဒါဆို ခု သွားကြမယ်…အင်္ကျီလဲရအောင်နော်။ ကျေးဇူးတင်ပါတယ် သားရယ်…သားကို ကျေးဇူးတင်လို့ အဖိုး ထိုင်ကန်တော့ပါရစေနော်။
ဟာ….မဟုတ်တာ…အဖိုးရာ…အဖိုး ခု လုံခြုံ နွေးထွေးတဲ့ နေရာ ရောက်ပြီနော်။ အဖိုး တအား ဝမ်းသာတာပဲ သားရယ်။ ရပါတယ် အဖိုးရယ်…ခု လုံခြုံပြီနော်။
အဖိုးအား လမ်းဘေး တဲလေးမှ သဘာဝတရားရိပ်သာသို့ ပို့ဆောင် ကူညီပေးခဲ့ပါပြီ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ