ဒါတွေ အကုန်ရောင်းရမှ (၃၀၀၀) လောက်ရပြီး ဆေးဝယ်သောက်ရမယ့် အသက် (၈၃) နှစ် အဘွား
ပိုက်ဆံလဲ အများကြီးရတယ်…အိမ်လဲ အစောကြီး ပြန်ရတယ်
အဖွား…အသက် (၈၃)နှစ်၊ ဒေါပုံစျေးမှာ ဟင်းသီးဟင်းရွက်စုံရောင်းတယ်။ မြေးလေးနဲ့ နေတယ်လို့ သိရပါတယ်။
မနက် စျေးသွားရင်း…တို့စရာလေး ဝယ်မယ်ဆိုပြီ ကြည့်မိရင်း အဖွား ရောင်းနေတာ မြင်တော့… အဖွား…တို့စရာလေးတွေ ဘာတွေ ရှိလဲ၊ အစုံပဲ သားရေ…ဘာလေးတွေ ယူမလဲ။
အဖွား အိမ် စောစောပြန်ချင်လား၊ ပြန်ချင်တာပေါ့ သားရယ်…ဒီနေ့ နေလို့မကောင်းဘူး…ခေါင်းတွေလဲ အရမ်းကိုက်တာပဲ။ ဟာ ဒါဆို အိမ်အစောကြီး ပြန်နားတော့ အဖွား…
သားရယ်…ဒါတွေ အကုန် ရောင်းရမှ (၃)ထောင်လောက် ကျန်တာ…အဲ့ (၃)ထောင် ရမှ ဆေးဝယ်လို့ ရမှာ သားရယ်။ ပြန်လို့ မရသေးပါဘူး…သား ဘာယူမလဲ အဖွား ကောင်းတာလေးတွေ ရွေးပေးမယ်
သား အကုန်လုံး ယူမယ်…အဲ့ စျေးဗန်းထဲက အဖွား မကောင်းတာ ဖယ်ပြီ ကောင်းတာတွေ အကုန် ယူမယ် ဗျာ။ ဟမ်…တကယ်ကြီးလား သား… တကယ်ပေါ့ အဖွား…တွက်ကြည့်ပါ ဘယ်လောက် ကျလဲလို့…
သား အားလုံး (၁သောင်း)ပဲ ပေးပါ။ ဟုတ် အဖွား…အကုန်လုံးမှ (၁)သောင်းနော်။ ဟုတ်တယ် သား…အဖွား ကျေးဇူးတင်လိုက်တာ သားကို။
အဖွား ရော့…. (တစ်သိန်းကျပ်)… ဟာ သား (၁)သောင်းပဲ ကျတာပါ…အများကြီးပဲ။ ဟုတ်တယ် အဖွား…ပိုတာ အဖွား ဆေးခန်းပြဖို့ပါ။
ဝမ်းသာလိုက်တာ…အိမ်လဲ အစောကြီး ပေးပြန်တယ်… ပိုက်ဆံလဲ အများကြီး ပေးလိုက်တယ်။ တကယ် ပျော်လိုက်တာ… တနေ့ (၃)ထောင်မရရအောင် ရှာရတာ…ဒီနေ့ (၁)ရက်တော့ တစ်သိန်း ရဖူးပြီ။
ဟုတ် အဖွား…ဂရုစိုက်ပြီ ပြန်ပါနော်။ ဆေးခန်း ပြလိုက်နော်။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ …အဖွား ပိုက်ဆံလေးတွေ သေချာကိုင်ကြည့်ပြီ…ပြုံးပျော်သွားတာလေး ကြည့်ပြီ ပီတိဖြစ်ရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ