မြန်မာ တပြည်လုံး အိုမီခရွန်နဲ့ အပြိုင် ပျံ့နှံ့နေတဲ့ တသောင်းတန် အတုများ
စျေးရောင်းသူတွေ သတိထားကြပါနော်။ ၁၀၀၀၀ တန်အတုတွေက တော်တော်ဆိုးဆိုးကို ပျံ့နှံ့နေပါပြီ။ ပထမရက် deli ပို့တော့ စျေးရောင်းလာသမျှ သက်တမ်းမှာ ပထမဆုံးအကြိမ် အတုမိလာပါတယ်။
အတုမှ တော်တော်ဆိုးဆိုး A4 ကို colour print ထုတ်ထားတဲ့ စုတ်ပြတ်သတ်နေတဲ့အတုမျိုး။ အရင်တုန်းကအတု ဆိုတာက တော်ယုံမခွဲခြားတက်တဲ့သူဆို မသိနိုင်တဲ့အနေထားမျိုး။ အခုက စုတ်ပြတ်သတ်နေတာမျိုးကြီး။
ပထမ တစ်ခါခံရလာပြီးပြီဆိုတော့ တစ်အိမ်လုံးက သတိထားပြီး စစ်ယူတယ်။ ဒီနေ့လည်း အိမ်က ထမင်းဆိုင်မှာ ထမင်းလာစားတဲ့သူက အာ့လိုပိုက်ဆံမျိုး ထပ်လာပေးပြန်တယ်။ တွေ့ကြုံထားဖူးတော့ အမေက သတိထားယူတော့ ပြန်လဲခိုင်းလိုက်တယ်။
ပေးတဲ့သူတွေကလည်း သိသိရင်းနဲ့ ပေးနေကြမှန်းသိပါတယ်။ စျေးကွက်ထဲ ဘယ်လောက်ပြန့်ပွားနေပြီလည်းမှ မသိတာ။
တစ်နေ့လုပ်မှ တစ်သောင်းတောင်မရတဲ့ လူမျိုးတွေဆီသာ အာ့လိုပိုက်ဆံတွေရောက်သွားလို့ကတော့ သူ့တို့ဘဝလေးတွေ သနားပါတယ် ကိုယ်ချင်းစာပေးကြပါရှင်။
ကိုယ်တွေကတော့ နှမြောပေမဲ့ အာ့လောက်လေးက ခံသာသေးတယ်။ဒါပေမဲ့ ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရ လာတဲ့ ပိုက်ဆံထဲ အာ့လိုဖြစ်တာတော့ စိတ်ထဲတော့ခံရခက်ပါတယ်။
အားလုံးသတိထားပြီး သေချာလေး စစ်ယူကြပါရှင်။
Au Thazin Phyo Tar