၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး မြန်မာပြည်ရဲ့ ဘက်ပေါင်းစုံက ဆုတ်ယုတ်မှုများ အကြောင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဲ့ အခြေခံ ကုန်ဈေးနှုန်းနဲ့ ယုတ်လျော့သွားတဲ့ အခြေအနေတွေကို ကမ္ဘာ့ဘဏ်နဲ့ အဖွဲ့က တွက်ချက် ထားခဲ့ပါတယ်။ ယင်းသို့ တွက်ချက်ထားတဲ့ အညွှန်းကိန်းများကို ဖော်ပြ လိုက်ပါတယ်-
(၁) ဒေါ်လာဈေး – ၄၉.၀၆ ရာခိုင်နှုန်း မြင့်တက်၊ (၂) ရွှေဈေး – ၄၁.၃၂ ရာခိုင်နှုန်း မြင့်တက်
(၃) စက်သုံးဆီဈေး – ၁၂၈.၅၃ ရာခိုင်နှုန်း မြင့်တက်၊ (၄) မိုဘိုင်းဒေတာဈေး – ၁၀၀ ရာခိုင်နှုန်း မြင့်တက်
(၅) အလုပ်အကိုင် ၁.၆ သန်း ဆုံးရှုံးခဲ့၊ (၆) ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) – ၁၈ ရာခိုင်နှုန်း လျော့ကျ
(၇) အလုပ်အကိုင် ရရှိမှု – ၈ ရာခိုင်နှုန်း လျော့ကျ၊ (၈) စီးပွားရေး မှတ်ပုံတင်မှု – ၄၄ ရာခိုင်နှုန်း လျော့ကျ
(၉) စစ်ပြေးပြည်သူ – ၄၀၆,၀၀၀ ကျော်ရှိ၊ (၁၀) ဒုက္ခသည်နဲ့ တခြားနိုင်ငံသို့ ထွက်ပြေးသူ – ၉၈၀,၀၀၀ ကျော်ရှိ
(၁၁) လူသားချင်းစာနာမှု အထောက်အပံ့များ လိုအပ်သူ – ၁၄.၄ သန်း၊ (၁၂) ဆင်းရဲမွဲတေနေသူ – ၂၅ သန်း၊ (၁၃) သဘာဝ ဘေးအန္တရာယ်ကျရောက်မှု – အရှေ့တောင်အာရှတွေင် ဒုတိယ အမြင့်ဆုံး
အထက်ပါ အညွှန်းကိန်းများကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း၊ UNHCR၊ UNOCHA နဲ့ Nikkei Asia သတင်းဌာနမှ အချက်အလက်များကို စုစည်း တွက်ချက် ထားခြင်း ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် တိုးတက်လာတာဆိုလို့ တခုမျှ မရှိဘဲ အခြေခံအဆောက်အဦးတွေ၊ စီးပွားရေးတွေ၊ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ တခုပြီး တခု လက်လွတ်ဆုံးရှုံးနေရပါတယ်။