စာအုပ်လေးတွေ ဈေးဦးမပေါက်လို့ ညနေ (၅) နာရီအထိ နေ့လည်စာ မစားရသေးတဲ့ အသက် (၈၀) အဖိုး
ဟာ…ထမင်း စားရပြီပေါ့…ဝမ်းသာလိုက်တာ
ညနေ (၅)နာရီကျော်လောက်…ကားအင်ဂျင်ဝိုင်လဲပြီ အပြန်…အဖိုး တယောက် စာအုပ်လေးတွေ ကိုင်ပြီ လျှောက်နေတာ တွေ့မိ၊ အဖိုးရေ…ခဏ ခဏ…လာပါအုံး…စာအုပ်လေးတွေ ဘယ်လိုရောင်း။
စာအုပ် အကြီးက (၃၀၀)ကျပ် သား၊ စာအုပ် အသေးက (၁၀၀)ကျပ်ပါ သား၊ ဟုတ် အကြီးက ဘယ်နှအုပ်ရှိလဲ အဖိုး၊ တွက်ကြည့်ပေးမယ် သား၊ အကြီး – ၁၂အုပ်…အသေး- ၁၀အုပ်
ဟုတ် အဖိုး ကျနော် အကုန် ယူမယ်ဗျာ…ဘယ်လောက်ကျသလဲ ဗျ၊ ဟာ…ဝမ်းသာလိုက်တာ…ထမင်းစားရပြီပေါ့။ ဟမ်…အဖိုး ညစာကို ပြောတာလား…နေ့လည်စာလား
နေ့လည်စာပါ သား…ခုထိ မစားရသေးဘူ…စာအုပ်လေးတွေ ရောင်းရမှ ထမင်းစားရမှာ…ခုထိ စျေးဦးမပေါက်သေးလို့…ပတ်ရောင်းနေတာ သား။
ဟာ…အဖိုးက နောက်ကျနေပြီ…ရော့ အဖိုး ၃၀၀၀၀ ကျပ်နော်၊ သား ၄ထောင် ပဲ ကျတာလေ သား၊ ဟုတ်တယ် အဖိုး…ပိုတာ အဖိုး လိုတာသုံးဗျာ…ခု ဆိုင်ကောင်းကောင်းမှာ ထမင်းစားပြီမှ ပြန်နော်။
အဖိုး မျက်နှာလေး ပျော်သွားရှာတယ်…ကျေးဇူးတင်လိုက်တာ သားရယ်…အဖိုး ထမင်းစားရပြီပေါ့။ ဒါပေါ့…အဖိုး အရသာရှိတာတွေ ဝယ်စားနော်…ဒါနဲ့ အဖိုး အသက်ဘယ်လောက်ရှိပြီလဲ ဗျ။ (၈၀)နှစ်ရှိပြီ သား။ ဟုတ် အဖိုး…ဂရုစိုက်ပြီ ပြန်နော်။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖိုး ထမင်းစားရတော့မယ်ဆိုပြီ ပျော်သွားတဲ့ မျက်နှာလေး…သနားပါတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ