မြန်မာပြည်က အသက်ကြီးဆုံး deli ပို့တဲ့သူနဲ့ တွေ့ဆုံခြင်း (အဖိုး ပျော်သွားတဲ့ပုံလေးက ပီတိ ဖြစ်စရာပါပဲ)
အဖိုးကို မနက်(၇)နာရီမှာ…Delivery အပ်လိုက်ပြီ
နေရာ – ကျနော့်အိမ် မှ လှိုင်သာယာ (၁)ထိပ်၊ အဖိုးက သားလေး အဖိုး အိမ်တခါတည်း ပြန်ရင်းမှ ဝင်ပေးလို့ရမလား၊ ဟုတ် အဖိုး…အဖိုးက ပစ္စည်းပို့စရာရှိသေးတာလား
(၂)နေရာရှိတယ် သား… အဝေးပြေးတခုရယ်… မြောက်ဥက္ကလာ တခုရယ်… အဲ့ဒါ ပြီးရင် အဖိုး ပြန်ပြီ…ပြန်ရင်းနဲ့ တခါတည်း ပို့ပေးမယ်လေ…ညနေ (၄)နာရီလောက် အရောက်ပို့ပေးပါ့မယ် သား
ဟုတ် ရပါတယ်…သေချာလေး ယူသွားပေးနော် အဖိုး…စိတ်ချမယ်။ စိတ်ချပါ သား…အဖိုး သေချာပို့ပေးပါ့မယ်… ပို့ခကကော အဖိုး…ဘယ်လောက်ကျလဲ။ ၂၅၀၀ ပဲ ပေးပါ သားရယ်။
ဟုတ် အဖိုး…ဒါဆို ပစ္စည်းပေးမယ်နော်။ ပစ္စည်း – ၁၀၀၀၀၀ ကျပ်၊ အမ်…သား ပိုက်ဆံလား…၊ ဟုတ်တယ် အဖိုး…နေရာက လှိုင်သာယာ (၁)ထိပ်နားက Deli ပို့တဲ့ အဖိုးအိမ်ကို။
ဟာ…(အဖိုး ခဏ ငြိမ်ပြီ…မျက်ရည်ကျလာတယ်)… အရမ်း ဝမ်းသာလိုက်တာ သားရယ်…အဖိုး သားလေးက စိတ်ကျန်းမာရေးမကောင်းဘူး။
အရမ်း ပျော်တာပဲ…သားပေးတာလေး အဖိုး အိမ်လစာလဲ ပေးမယ်…သားတွက်လဲ ဆေးဝယ်မယ် သားရယ်၊ ဟုတ် အဖိုး ကြိုက်တာလုပ်ပါ…အဖိုးကို ကန်တော့တာပါ။
အဖိုး တကယ် ပြောမပြတတ်အောင် ပျော်ရတယ် သားရယ်…မနက် အစောကြီး ဘဝမှာ တခါမှ…မပြောပြတတ်တော့ဘူး သားရယ်။
ဟုတ် အဖိုး…ဒါဆို ပို့ရမဲ့ နေရာတွေ ဂရုစိုက်ပြီ ပို့ပါနော်။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အချိန်အရမ်းတိကျတဲ့ အဖိုး…မနက်က မထင်မှတ်တဲ့အချိန် မထင်ထားတာတွေရလို့ ပျော်သွားတာလေး ကြည့်ပြီ…ပီတိဖြစ်မိတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ