မိဘ နှစ်ပါးလုံး ရုတ်တရက် ဆုံးရှုံးသွားခဲ့ရလို့ ရင်ကွဲနာကျနေတဲ့ လူမမည် ကလေးနှစ်ဦး

မေမေ ရှိတယ်…မေမေ့ကို ရှာပေးပါ…မေမေ ရှိနေတယ်

လွန်ခဲ့တဲ့ (၃)ရက်မြောက် ည…တောင်ဒဂုံ နဲ့ မြောက်ဒဂုံကြား ယာဉ်တိုက်မှု တခု ဖြစ်ပွါးခဲ့ပါတယ်။ ထို ယာဉ်တိုက်မှုတွင်…မိသားစု (၃)ယောက်စီးနင်းလာသော Battery စက်ဘီးအား… Demio Mazda ကားအမျိုးစားမှ တိုက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ရာ နေရာတွင် မိခင် ပွဲချင်းပြီ သေဆုံးပြီ…ဖခင်မှာ ဆေးရုံ အရောက်တွင် သေဆုံးသွားပါတယ်။ ထို မိသားစုလေးမှာ…(၇)နှစ်အရွယ် သားလေး နှင့် (၁)နှစ်ခွဲ နို့မပြတ်သေးတဲ့ သားလေး ကျန်ခဲ့တယ်။

အခင်းဖြစ်ချိန်တွင် ကံကောင်းစွာဖြင့် နို့မပြတ်သေးတဲ့ အငယ်လေးမှာ…ပါးပွန်းပဲ့ ဒဏ်ရာဖြင့် အသက်ဘေးမှ လွှတ်ခဲ့ပါတယ်။

မနက်အစောကြီး အဖွဲ့ထဲက ညီမ တယောက်မှ…ကလေး ပုံလေး ပေးပို့လာတော့…အရမ်း စိတ်မကောင်းဖြစ်ပြီ ရအောင်သွားရောက်ခဲ့ပါတယ်။

ကလေး မိဘ(၂)ပါးအတွက် နာရေး ကူငွေ (၁)သိန်းကျပ်ကို သွားရောက်ကူညီပေးခဲ့ပါတယ်။ ကလေးတွေ အဖွားမှ… ကလေးတွေ ကျမ ရအောင် မွေးမယ်…ကျမ သေတဲ့ထိ မွေးမယ်…ကလေးတွေ ဘယ်တော့မှ မပစ်ဘူး ကျမ သမီးရဲ့ ကလေးတွေ ရအောင်မွေးမယ်

သတင်း ရရချင်း..ဆေးရုံသွားတော့ အငယ်လေးကနေပြီတော့… မေမေ ရှိတယ်…မေမေ့ကို ရှာပေးပါ…မေမေ ရှိနေတယ် ပုံစံဖြင့် လက်ဆွဲ ခေါ်ပြီ တခန်းပြီ တခန်း လိုက်ရှာတယ်…အိမ်ရောက်တော့လဲ ခြေသံကြားပြီဆို သူ့ အမေလားဆိုပြီ ပြေးပြေးပြီ ကြည့်ရတာ…အရမ်း သနားဖို့ကောင်းပါတယ်

အငယ်လေးက ခုဆို ကြောင်ပြီး…ညဆို လက်ညိုးတွေ ထိုးပြီ ဟိုမှာ မေမေဆိုပြီး ပြနေတာ၊ အကြီးလေးကလည်း…ဖွားဖွားကြီး သားကို မလိမ်နဲ့ မေမေက သေသွားပြီမလားဆိုပြီ ခဏ ခဏ မေးရှာတယ်။

ခုလို ကူငွေ လာကူညီတာ…အန်တီ တအားကျေးဇူးတင်ပါတယ်…ဝမ်းလဲ နည်းတယ်။ အရမ်း သနားဖို့ကောင်းပါတယ်

တိုက်သွားတဲ့ ကားသမားလဲ…မိသားစုချင်း ကိုယ်ချင်းစာပြီ လူသားချင်း စာနာထောက်ထားမှုဖြင့်…အပြစ်ဝန်ခံ တောင်းပန်ပြီ…ကလေးငယ်တွေ ရှေ့ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေချင်တယ်။

တကယ်ပါ…အကြီးလေး ပေါင်ပေါ်လာထိုင်ပြီ… ဦးဦးလိုပဲ သားအဖေမှာလဲ အဲ့လို အမွှေးတွေ ရှိတယ်… အဖေမှာက ဦးဦးထက် ပိုများတယ်ဆိုပြီ…ကျနော်ပါးလေး လာကိုင်တာ ရင်ထဲ အတော်ခံစားရတယ်ဗျာ။ သားလေးတို့ (၂)ယောက်အတွက် ကူညီပေးနိုင်မဲ့သူ အမြန်ဆုံး ပေါ်လာပါစေ ဦး ဆုတောင်းပေးပါတယ်

ဪ…မိဘဆိုတဲ့ တံတိုင်းကြီး မရှိတော့တဲ့ ခံစားချက်ကို ကိုယ်တိုင်နားလည်တော့…ဒီ သားလေး (၂)ယောက်တွက် ပိုခံစားရတယ်။ (ဓာတ်ပုံများအား မိသားစု အဖွားထံမှ ခွင့်ပြုချက်ဖြင့် တင်ထားခြင်းဖြစ်ပါတယ်)

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page