အရက်၊ ဆေးလိပ်၊ ကွမ်း တခုမှ မလုပ်ဘဲ ကျောက်ကပ်ဆေးခဲ့ရတဲ့ လူရဲ့ ဇစ်မြစ်ကို လိုက်ကြည့်တဲ့အခါ…

အရက်မသောက် ဆေးလိပ်မသောက် ကွမ်းမစားသူ တစ်ယောက်က ကျောက်ကပ်ထိလို့ ကျောက်ကပ်ဆေးနေရတယ်ဆိုတော့… ဇစ်မြစ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ…

အဖြေကတော့ ဒီလူဟာ မုန့်ဟင်းခါးအလွန်ကြိုက်လို့ နေ့တိုင်းစားသူပါတဲ့ မုန့်ဟင်းခါးမှာပါတဲ့ မုန့်ဖတ် မချဉ်အောင် မပုတ်မသိုး အောင်သုံးတဲ့ ဓါတုဆေးဝါးတွေကြောင့်ပါတဲ့။

မုန့်ဖတ်လုပ်တဲ့ဖို အားလုံးနီးပါးကလည်း မုန့်ဖတ်တွေ မပုတ်အောင် အတွက် လူသေတွေမပုတ်အောင်သုံးတဲ့ ဖေါ်မလင်တွေ သုံးကြတယ်ဆိုတော့ ကိုယ်တွေလည်း ကြားဖူးတာတော့ကြာပါပြီ။ မုန့်ဖတ်ဖိုတွေရဲ့ လက်သုံးစကားက လူတကာက သုံးနေကြလို့ သူတို့လည်း မသုံးမဖြစ် သုံးလိုက်ရတာပါတဲ့..

ဒီကြားထဲ သစ်သီးသည်တွေက မှည့်ဆေးတွေသုံး.. ပုဇွန်ခြောက်ငခြောက်က ဓါတုဆေးတွေဖြန်း…. အစာအတု ဆေးအတု ရေသန့်အတု နဲ့ ဆိုးဆေးတွေ ဓါတုဆေးတွေကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ ဘဝတွေထဲက…. ကိုယ့်အလှည့် ဘယ်တော့ရောက်ပါ့မလဲတွေးရင်း

Dr.Aung Soe Win

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page