ထီးတချောင်း ပုစ္ဆာရဲ့ ဖြစ်နိုင်ခြေကို ရှာဖွေတွေ့ရှိသွားတဲ့ ဖိုးဖိုး
အသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက် ဆရာဝန်ထံရောက်လာသည်။
“ဘာဖြစ်လဲအဘိုး” “အားလုံးကောင်းတယ်။ ငါ့ကို ပိုပြီးတော့ စွမ်းဆောင်နိုင်တဲ့ဆေးလေးများ ပေးစမ်းပါ”
“ဘာဖြစ်လို့လဲ အဘိုးရ” “ငါယူထားတာ ၁၈ နှစ်ကွာ။ ခုဆိုရင် ကောင်မလေးမှာ ကိုယ်ဝန်တောင် ရှိနေပြီ။ မင်းအဲဒီလောက်ဆိုရင် သဘောပေါက်မှာပါ”
“အဘိုးကို ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြလို့ရမလား” “ရတာပေါ့ကွ … ငါက ပုံပြင် ဝါသနာပါတယ်”
“တစ်နေ့မှာ လူတစ်ယောက် သနတ်တစ်လက်ကို ပုခုံးတစ်ဘက်၊ ထီးတစ်လက်ကို ပုခုံးတစ်ဘက်မှာ လွယ်လာတယ်။ သူဟာ တောထဲကို ဝင်လာတယ်။ သစ်ပင်နောက်က ဝက်ဝံကြီး တစ်ကောင် ထွက်လာတယ်။ သူက သနတ်ကို ပုခုံးကဖြုတ်ပြီး ဝက်ဝံကြီးကို ထိုးချိန်လိုက်တယ်။ ဒါပေမဲ့ သူကိုင်ထားတာ သနတ် မဟုတ်ဘူး။ ထီးဖြစ်နေတယ်”
“အဲဒီတော့ ဒီကောင်သေပြီပေါ့” “မသေဘူး အဘိုး … ဒိုင်း ဆိုတဲ့ အသံကြီး ထွက်လာပြီး ဝက်ဝံလဲကျသွားတယ်”
“ဟာ … မင်းဟာက မဖြစ်နိုင်ဘူး။ ထီးနဲ့ချိန်တယ်။ ဒိုင်းဆိုပြီး အသံထွက်တယ်။ ဝက်ဝံလဲကျသွားတယ်။ မဖြစ်နိုင်ဘူး” “ဖြစ်နိုင်ပါတယ် အဘိုးရဲ့ … စဉ်းစားကြည့်လေ”
အဘိုးအိုက သေသေချာချာတွေးလိုက်ပြီး “ဟာ … ငါသိပြီ … ဒါဆိုရင် တစ်ယောက်ယောက် ဝင်ပစ်သွားတာပေါ့”
(80 Years Old)
ဆရာတင်ညွန့်
၂၆.၁.၂၀၁၇