ယောင်္ကျားမယူဘဲ ကလေး သုံးမွှာပူး မွေးပစ်လိုက်တဲ့ တရုတ်လုပ်ငန်းရှင် အမျိုးသမီး

နည်းပညာအကူအညီနဲ့ ယောင်္ကျားမယူတော့ဘဲ ကလေးအမေဖြစ်ဖို့ ရွေးချယ်လာကြတဲ့ အောင်မြင်နေတဲ့တရုတ်အမျိုးသမီး စီးပွါးရေးသမားတွေဟာ တရုတ်အမျိုးသားထုကြီးရဲ့ ဝေဖန်မှုဒဏ်ကို ခံနေကြရပါတယ်။

IVF နည်းပညာသုံးကာ ပြည်ပထွက်ပြီး ကိုယ်ဝန်ရအောင်လုပ်ကာ အမွှာပူး (၃) ယောက် တခါတည်းမွေးခဲ့တဲ့ သူမအား တကိုယ်ကောင်းဆန်လွန်းသူ၊ ဖတဆိုးကလေးတွေရဲ့ဘဝဟာ မပြည့်စုံနိုင်ဘူးလို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။

သူမကတော့ လုံလောက်တဲ့အချစ်တွေရနေသ၍ မိသားစုဘဝဟာ ပြည့်စုံပါတယ်။ မိစုံဖစုံထက် ကလေးတွေအတွက် အချစ်တွေကို လိုသလောက်ပေးနိုင်ရင် ပြီးတာပဲလို့ ချေပခဲ့ပါတယ်။ IVF နည်းပညာသုံး ကိုယ်ဝန်ရအောင်လုပ်တာကို တရုတ်ပြည်ဆေးရုံတွေမှာ လက်ထပ်စာချုပ်မပြနိုင်ရင် လုပ်မပေးဖို့ ဥပဒေအရ တားမြစ်ထားပါတယ်။ သူမဟာ အသက် ၃၀ အရွယ်အထိ သင့်လျော်တဲ့ကြင်ယာတော်ကိုရှာမတွေ့ခဲ့တာကြောင့် ထိုင်းကိုသွားကာ ခုလိုကိုယ်ဝန်ရဖို့နည်းလမ်းသုံးပြီး ကလေးအမေဘဝကို တက်လှမ်းနိုင်ဖို့စီစဉ်ခဲ့ရပါသတဲ့။

သူမဟာ အင်္ဂလိပ်လူမျိုးတစ်ယောက်ရဲ့ သုတ်ပိုးကိုရွေးချယ်ခဲ့ရတာနဲ့ ပတ်သက်ပြီး သူမမျက်စိထဲမယ် ကပြားတွေက ပိုလှတယ်လို့ ထင်လို့ပါလို့ ဆိုပါတယ်။ ခုတော့ သား ၂ ယောက် သမီး ၁ ယောက်ရဲ့ ချစ်စဖွယ်မျက်နှာလေးတွေနေ့တိုင်းကြည့်ပြီး ပီတိဖြစ်ရတာနဲ့တင် သူမရွေးချယ်မှု မှန်တယ်လို့ခံစားရပါသတဲ့။

တနေ့ကလေးတွေ ကြီးလာတဲ့အခါ သူတို့ဖတဆိုးဘဝရောက်အောင် မေမေဘာကြောင့်ရွေးခဲ့ရသလဲဆိုတာကို ရှင်းပြလိုက်ရင် နားလည်ကြမယ်လို့ သူမက ယုံကြည်နေပါတယ်။ ခုတော့ သူမအမေနဲ့ အဒေါ်တစ်ယောက်က ကလေးတွေကို ကူထိန်းပေးနေကြရပါသတဲ့။

သူမအတွက် အကြီးဆုံးပြသနာက ကလေး ၃ ယောက်က တပြိုင်နက်ထဲ ပူဆာတဲ့အခါမှာ အားလုံးစိတ်ဆန္ဒတွေကို အလိုကျဖြေရှင်းပေးဖို့ မလွယ်ကူတာပါပဲ။ ဥပမာ အားလုံးက ဖက်စေချင်တဲ့အခါမျိုးမယ် သူမအဖို့ တကြိမ်မှာတယောက်ပဲ ဖက်ပေးခွင့်ရလို့ ကျန်ကလေးတွေက မကျေနပ်ကြပါဘူး။ အဲအခါ သူမအမေနဲ့အဒေါ်က ဝင်ရောက်ကူညီပြီး ဖက်ပေးကြရပါတယ်။

အမျိုးသားထုကြီးက ကန့်ကွက်ဖောင်းထုနေကြပေမယ့် သူမဘဝဟာ မရေတွက်နိုင်တဲ့ အမျိုးသမီးထုကြီးရဲ့ အိမ်မက်တစ်ခုပဲလို့ အွန်လိုင်းပေါ်က အမျိုးသမီးတွေက ချီးကျူးစကားဆိုကြပါတယ်။ (Francis Zin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page