စပိုက်စီ ခေါက်ဆွဲ စားမိလို့ ဆေးရုံရောက်ပြီး ပိုးသတ်ဆေး အလုံး ၂၀ အထိုးခံလိုက်ရတဲ့ အဖြစ်
အော်ပရေးရှင်း ချောချောမွတ်မွတ်နဲ့ ပြီးဆုံးသွားပါပြီ။ မခွဲစိတ်ခင် အားပေးစကားလာပြောပေးတဲ့ ကိုမြတ်မင်းကို တကယ် ကျေးဇူးတင်ပါတယ်။
ထုံဆေးရော မေ့ဆေး အရှိန်ကြောင့် ဘာမှမပြောခဲ့ချိန်မှာ သတိမလစ်ရအောင် အမေကိုပဲ ဆက်တိုက်ခေါ်နေမိတာ။ တကယ်ခေါ်နေတာလားဆိုတာလဲ မသိဘူး မသိစိတ်က အဲ့လိုဖြစ်နေတာ နိုးတော့ အမေက ပြန်ပြောရှာတယ်။
ကောင်လေးကလဲ လက်မလွှတ်ဘဲ ဘေးနားကနေ ရင်တမမနဲ့ နှိုးလိုက် လက်ကိုင်လိုက်နဲ့ အဲ့တာကြောင့်အသိစိတ်ပြန်ဝင်လာတယ်။ အမက video call နဲ့ ငိုနေရှာတာ ကိုယ်တော့မသိဘူး အမေ ပြောပြတာ။
လုံးဝ လုံးဝ စပိုက်စီ မစားကြပါနဲ့။ ဇူးအွန်ကတော့ နာနာချင်း ဆေးရုံရောက်သွားတာလို့ မဟုတ်ရင် အသက်တောင် အာမ မခံဘူးတဲ့။ ဒါတောင် အူအတက်က ပြည်တွေ အူမကြီးဆီ ရောက်သွားလို့ နှစ်ခုလုံးခွဲလိုက်ရတယ်။
အစားဆင်ခြင်ကြပါ။ စားကောင်းတာ တချက်ပဲ ခံစားရတာ နှစ်ဆနော်။ ကိုယ့်ခမျာ နာလွန်းလို့သေခါနီးပဲ။ ပိုးသတ်ဆေး အလုံး ၂၀ လောက်ရှိပြီး ဆေးအရှိန်ကြောင့်စကားတောင် ပြောမနိုင်ဘူး။ မျက်နှာကြီးလဲ ဖောယောင်နေတာ။
အဝါရောင် ၂ ထုပ်ပဲစားမိတာ ဒါတောင် ထမင်းများများရောစားထားတာ။ လုံးဝ အန္တရာယ်ပါ။
Zueoun Lamin