မနက်ဖြန် (ဖေဖော်ဝါရီ ၁၂) မနက် ၄ နာရီမှ စတင်ပြီး ရန်ကုန်မြို့တွင်း လမ်းတွေ ပိတ်ထားမည်

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ဖြန် မနက် ၄ နာရီမှ စတင်ကာ ရန်ကုန်မြို့တွင်း ယာယီပိတ်ထားမယ့်လမ်းကြောင်းတွေကို ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကနေ ထုတ်ပြန်ထားပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားဖြစ်တာကြောင့် ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ပြည်သူ့ရင်ပြင်၌ အခမ်းအနား ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ လမ်းများအား နံနက် ၄ နာရီ အချိန်မှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ ခေတ္တလမ်းပိတ်၊ လမ်းလွှဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

(က) ပြည်လမ်းအား ပြည်ထောင်စုရိပ်သာလမ်းဆုံမှ မဟာမြိုင်လမ်းဆုံအထိ၊ (ခ) ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဓမ္မစေတီလမ်းဆုံ အထိ၊ (ဂ) အလုံလမ်းအား ဗဟိုလမ်းနှင့်ဆုံရာမှ ဗားကရာလမ်းဆုံအထိ (ဃ) ရှင်စောပုလမ်းအား ဗဟိုလမ်းနှင်ဆုံရာမှ ဗားကရာလမ်းဆုံအထိ

အဆိုပါ လမ်းများကို ပိတ်ထားမှာ ဖြစ်တဲ့ အတွက် လမ်းပိတ်/ လမ်းလွှဲမှ ရှောင်လွှဲမောင်းနှင်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ယာဥ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားပါတယ်။

မည်သည့် အချိန်မှာ လမ်းပြန်ဖွင့်မယ်လို့ ကြေညာချက်ထဲမှာ မပါဘဲ အခမ်းအနား ပြီးဆုံးချိန်လို့ပဲ ဖော်ပြ ထားတဲ့အတွက် အလုပ်သွားမယ့်သူများ၊ အရေးပေါ် လူနာတင်ယာဉ်များ အနေနဲ့ အခက်အခဲတွေ တွေ့နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page