မနက်ဖြန် မနက် (၆) နာရီမှ စ၍ ရန်ကုန်မြို့လယ် လမ်းများကို ပိတ်ထားမည်ဟုဆို
မနက်ဖြန် မြို့တော်ခန်းမကနေ လေဆိပ် အထိကို အလံသယ် လမ်းကြောင်းရှိသောကြောင့် အချို့လမ်းတွေ ပိတ်နိုင်တယ်လို့ သိရပါတယ်။
မနက် ၆ နာရီကနေ စပြီး ပြည်လမ်း ကမ္ဘာအေးဘုရားလမ်း အကုန်ပိတ်ပါတယ်။ ပဲခူးကလပ် ပြည်လမ်းကနေ လေဆိပ်အထိ ပိတ်ပါတယ်။
ကမ္ဘာအေးဘုရားလမ်းကတော့ ဆူးလေကနေ ၈ မိုင်အထိ ပိတ်မယ်လို့ သိရပါတယ်။
နဂိုထဲက ကားကြပ်ပြီး လမ်းများ ပိတ်လေ့ရှိတဲ့ ရန်ကုန်မြို့လယ်ခေါင်လမ်းတွေကို ယခုလို ထပ်ပိတ်လိုက်တော့ ပိုကြပ်သွားနိုင်ပါတယ်။ အလုပ်သွားမယ့်သူများ ကြိုတင်ထွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။