ခြေထောက်မကောင်းတဲ့ကြားက မိုးရွာထဲမှာ လမ်းလျှောက်ပြီး ထီရောင်းနေရတဲ့ အဖိုး
မိုးတွေ ရွာပေမဲ့…ထမင်းစားဖို့တွက် နားလို့မရပါဘူး သားရယ်
မိုးတွေ အရမ်းရွာနေလဲ…. ခြေထောက်လေး ထော့နဲ့ ထော့နဲ့ နှင့် နားမကြားသော အဖိုးအိုတယောက်.. ကျနော်တို့ ခြေလှမ်း (၅)လှမ်းလောက်မှ…အဖိုးက တလှမ်းလောက် လှမ်းနိုင်တယ်၊ (၄) ချောင်းထောက်လေးမှာ ထီလေးတွေ ညှပ်ပီ ရောင်းနေရှာတယ်….
တစောင်… ကျပ် ၁၂၀၀၀ တန် ရှိတယ်၊ တစောင်… ကျပ် ၆၀၀၀ တန်ရှိတယ်။ အဖိုး…သား ကျပ် ၁၂၀၀၀ တန် (၂)စောင် အားပေးမယ်နော်၊ အေး…သား ကြိုက်တာရွေးလေနော်
ဟုတ်…အဖိုး ရော့ ဒီ (၂) စောင်နော်၊ အေး…အေး သား၊ ရော့ အဖိုး… ကျပ် ၅၀၀၀၀၊ ၂၅၀၀၀ ကျပ်က ထီလက်မှတ် ဖိုး၊ ၂၅၀၀၀ ကျပ်က အဖိုး လိုရာသုံးဖို့၊ ပြီးတော့…သား ထိုးတဲ့ ထီ (၂)စောင် အဖိုး သိမ်းထားနော်။ ပေါက်ခဲ့ရင်….အဖိုး ယူလိုက်တော့ နော်
ကျေးဇူးပါ သားလေးရယ်….ခုလို လာဝယ်ပေးတာ … ဒီရက်ပိုင်း….ထီ လာဝယ်တဲ့သူလဲ မရှိပါဘူး သားရယ်။ မိုးတွေလဲ ကောင်းပေမဲ့…ထမင်းစားဖို့အတွက် မနားရပါဘူး သားရယ်။ ကျေးဇူးတွေ တင်ပြီး …ဆုတွေ အများကြီး ပေးရှာတယ်။
ဪ..တကယ် ခက်ခဲနေတဲ့ အဖိုးအဖွားတွေ လမ်းမထက်မှာ များစွာရှိနေပါလား ဗျာ….
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ