သမီးက စွန့်ပစ်သွားတဲ့ လူမမယ်မြေးလေးကို ဆပ်ပြာလေးတွေ ရောင်းပြီး စောင့်ရှောက်နေရတဲ့ အဘွား
ဝမ်းသာလိုက်တာ…မြေးလေးရေ အဖွားတို့ အစောကြီး ပြန်ရပြီ
အဖွား ဆပ်ပြာတွေ ဘယ်လိုရောင်းတုန်း (၁)တွဲ ၂၀၀၀ ကျပ် ပဲပေးပါ သားရယ်။ ဟုတ် အဖွား…သား ဆပ်ပြာ အားလုံးယူမယ်… ဘယ်နှတွဲလဲ သားကြည့်လိုက်မယ်။ ကျေးဇူးပါ သားလေးရယ်… အားလုံး (၇)တွဲ ရှိတယ် အဖွား…ဆပ်ပြာရည်ဗူးက ဘယ်လောက်လဲ အဖွား
၁၀၀၀ ကျပ် ပဲပေးပါ သားလေး။ ဒါဆို ရော့ အဖွား ၅၀၀၀၀ ကျပ် ယူလိုက်…(၁)သောင်းခွဲက ဆပ်ပြာဖိုး…ကျန်တာ အဖွားလိုရာ သုံးနော်
ကျေးဇူးပါ…သားရယ်…အဖွားတို့က ၂ယောက်တည်း နေကြတာ…မြေးလေး အမေက အဝေးထွက်သွားပြီ ကလေးထားခဲ့…ပြန်မလာတော့ဘူး။ အဖွားတို့က အိမ်ငှားနေရတာပါ…သားလေး ခုလို ဝယ်လိုက်တာ အရမ်းဝမ်းသာတယ်…ရောက်တည်းက ၂တုံးပဲ ရောင်းရသေးတယ် သားရယ်
ကျေးဇူးတင်ပါတယ် သားလေးရယ်… အဖွားကို မပစ်ထားပါနဲ့နော်…သေတော့ပေမဲ့ အဖွားမြေးလေးကို စိတ်မချဘူး
အာ အဖွားကလဲ…ရော့ ကြက်ပေါင်းရည် (၁၂)လုံးကဒ် သောက်နော်…အားရှိအောင်နော်။ ဒါက အဖွား သောက်လို့ရတာလား
သိပ်ရတာပေါ့ အဖွားရဲ့…အရမ်း အားရှိတာ…တနေ့ (၁)လုံး သောက်နော်။ ကျေးဇူးပါ…သားလေးရယ်… လာ မြေးလေး အဖွားတို့ အိမ်အစောကြီး ပြန်ရပြီ…အဖွားက ခြေထောက်က မကောင်းတော့ ဖြေးဖြေးချင်း လမ်းလျှောက်ပြန်မယ် ဟုတ်…အဖွား ဂရုစိုက်ပြန်နော်.
ဪ…တဝမ်းတခါးအတွက် စျေးရောင်းပြီ ရှာစားနေကြရတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေ အများကြီးပါလား ဗျာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ