ဒါဖတ်ပြီးမှ ဟော့ဒေါ့ အသားချောင်းတွေကို စားပါ (ပါဝင်ပစ္စည်းတွေက လူကို ဒုက္ခပေးပုံများ)

အနောက်နိုင်ငံတွေမှာ ဟော့ဒေါ့ အသားချောင်းတွေဟာ တန်ဖိုးအတော်အသင့်ရှိကြတယ်.. အဆီမပါတဲ့ တံဆိပ်မျိုး၊ မြက်ကိုပဲ ကျွေးပြီး မွေးထားတဲ့ အမဲသားချောင်းလိုမျိုးတွေ နာမည်ကြီးပါတယ်။

ကျနော်တို့ မြန်မာ နိုင်ငံမှာ စူပါမားကပ်တွေကအစ..အိမ်ဆိုင်လေးတွေ..စတိုးဆိုင်တွေ..ကျောင်းရှေ့တွေမှာ ဟော့ဒေါ့ အကင်စက်လေးတွေနဲ့ ရောင်းနေတဲ့ ထိုင်းကလာတာဖြစ်ဖြစ်၊ မြန်မာပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ တရုတ်ကလာတာဖြစ်ဖြစ် တစ်ချောင်းကို ၂၀၀ မှ ၅၀၀ ကျပ်ဝန်းကျင်လောက်..တရုတ်ကဝင်တဲ့ တံဆိပ်တွေ နဲ့ မိမိယုံကြည်လို့မရတဲ့ ပါဝင်ပ္စည်းတံဆိပ်တွေကို တော်တော်များများ စားသုံးနေကြတာပါ..

ကလေးတစ်ယောက်ကို ၂ရက်/၃ရက်မှ တစ်ချောင်းကျွေးဖြစ်တာပါ ဆိုရင်..တစ်ပတ်ကို ၃ ချောင်လောက်…တစ်လကို ၁၂ ချောင်းလောက် ကျွေးဖြစ်လိမ့်မယ်.. ၎င်းကလေးဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၉ % လောက်ရှိနေပါပြီ..

American Institute For Cancer Research (AICR) ရဲ့ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ၅၀ ဂရမ် ဟော့ဒေါ့ တစ်ချောင်းသာ နေ့တိုင်းစားရင် အစာဟောင်းအိမ် နဲ့ အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်.. ကျန်းမာရေးကိုထိခိုက်ရတဲ့ အကြောင်းအရင်းကို ကလေးငယ်တွေအတွက် မိဘတိုင်းသိထားသင့်ပါတယ်…

(၁) မည့်သည့်အသားပါဝင်နေသလဲ

စျေးသက်သာတဲ့ ဟော့ဒေါ့ အသားချောင်းမှာ တန်ဖိုးကြီးအသားပါဝင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။ အတိအကျ အမည်မဖော်ပြနိုင်တဲ့ အသေကောင်ရဲ့ တန်ဖိုးအနည်းဆုံး အသားအစအနတွေ၊ အဆီတွေ၊ အရေခွံတွေ၊ ကလီစာတွေ၊ အရွတ်တွေ၊ ခြေထောက်၊ခေါင်း၊ အရိုးစများကို ကြိတ်ထားခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် (ကြက်၊ ဝက်၊ အမဲသား တွေ ကိုသာ အသုံးပြုလိမ့်မယ်လို့ မထင်ပါနဲ့).. ကြက်ကြော်ဆိုင်တွေမှာလည်း အသုံးပြုနေတဲ့ ဟော့ဒေါ့ကို အသားအစစ်လို့ ထင်နေရင် ကျနော့်ရှုထောင့်အနေနဲ့ကနေ No ပါပဲ..အဆီ နဲ့ အသားတိုး အကောင်များလို့ ကျနော်လက်ခံယုံကြည်တယ်..စာဖတ်မိတ်ဆွေအားလုံးကြိုက်သလို ယူဆနိုင်ပါတယ်..

၇၆ ဂရမ် ဟော့ဒေါ့ တစ်ချောင်းမှာ စုစုပေါင်း အဆီပါဝင်မှု ၁၈ ဂရမ် (တနေ့တာ အဆီလိုအပ်ချက်ရဲ့ ၂၃% ရှိနေပါပြီ) ပြည့်ဝဆီ ပါဝင်မှု ၇ ဂရမ် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၄%) ဆား နဲ့ MSG ဟင်းခတ်မှုန့်၊ အချိုမှုန့် ပါဝင်မှု ၆၂၀ မီလီဂရမ် နှင့်အထက် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၁%)

(၂) ကင်ဆာဖြစ်စေသော တာရှည်ခံပစ္စည်းများ

Potassium lactate, Sodium Phosphate, Sodium diacetate, Sodium erythorbate, Sodium Nitrate, Sodium Nitrite တို့ပါဝင်နေတယ်..

၎င်းတို့အနက် Nitrite နဲ့ Nitate တွေဟာ လူလုပ်ထားတဲ့ တာရှည်ခံပစ္စည်းတွေဖြစ်တာကြောင့် ဟော့ဒေါ့ကို ပန်းရောင် သန်းစေတယ်…အပူနဲ့ ထိတွေ့လိုက်တဲ့အခါ..အသားထဲက amine နဲ့ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့ Nitrosamines အဖြစ်ပြောင်းလဲသွားတယ်..

US ကထုတ်တဲ့ အသင့်ချက် အသားတံဆိပ်တိုင်းမှာ ascorbic acid (Vitamin C) 550ppm ပါဝင်ရတယ်..ဘာလို့လဲဆိုတော့ Nitrosamines ရဲ့ ဆဲလ်ပျက်စီးစေမှုကို တားမြစ်ပေးနိုင်ဖို့ပါပဲ…

ကျနော်တို့ စားနေတဲ့ Hot dog မှာတော့ Ascorbic acid လည်း မပါရှိနိုင်ပါ..ဒါ့ကြောင့် မိမိဘာသာ သံပုရာရည်သောက်တာပဲဖြစ်ဖြစ်..သံပုရာသီးညှစ်စားပေးတာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်..

(၃) Fillers ဖြည့်စွက်ပစ္စည်း

High Fructose Corn Syrup (HFCS) ဆိုတာ ပြောင်းဖူးကစီဓာတ်ကနေထုတ်ပြီး Fructose သကြားအဖြစ်သို့ ပြောင်းလဲထားတဲ့ စက်ရုံထုတ် ပြောင်းဖူးသကြားဆီ ပါ။ HFCS ထည့်ထားရင် ဟော့ဒေါ့ ပိုကြာရှည်ခံတယ်

ဟော့ဒေါ့ရဲ့ မျက်နှာပြင်တင်းတင်းလေးနဲ့ စားလိုက်ရင် ဇက်တောက်ဇက်တောက် ဖြစ်စေတယ်..နောက်ပြီး စိတ်ကိုလည်း စွဲလမ်းစေတယ်…Mercury level ပါဝင်မှုကလည်း ၅၀% အထက်ဖြစ်တာမို့ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ်..

HFCS ကြောင့် အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစား ၂ ဖြစ်စေခြင်း၊မကောင်းတဲ့ ကိုလက်စထရောများတက်ခြင်း၊ သွေးတိုး နဲ့ အခြား အသည်း၊ကျောက်ကပ်၊ဆီးအိမ်တို့ကို ပျက်စီးစေပါတယ်…

(၄) အရမ်းငယ်လွန်းတဲ့ ကလေးငယ်တွေမှာ ဟော့ဒေါ့ကြောင့် သီးပြီးတစ်ဆို့ သေဆုံးမှု လည်း တစ်နှစ်ကို အယောက် ၈၀ လောက်အထိ တွေ့ရပါတယ်..

ဒါ့ကြောင့် အတတ်နိုင်ဆုံး ရှောင်စားကြပါ..စားဖြစ်ရင်လည်း သုံရာရည်သောက်တာမျိုးလုပ်ပေးပါ… အချိုမှုန့် ပါဝင်မှုများလို့ ရေများများ ပြန်သောက်ပေးကြပါ..တံဆိပ်အကောင်းစားတွေ စားဖို့ကတော့ ငွေကြေးတတ်နိုင်သော်လည်း မြန်မာပြည်မှာ တင်သွင်းထားခြင်းမရှိသေးပါဘူး…မိဘအားလုံး ဟော့ဒေါ့ အကြောင်းတစေ့တစောင်းသိသွားရင် ဒီဆောင်းပါးရေးရကျိုးနပ်ပါပြီ..

ကျေးဇူးတင်ပါတယ်။
Hello Dr.Diet

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page