အမေရိကန်မှာ ရှိတဲ့ ကိုရီးယားထုတ် ကားတွေနားကနေ ခပ်ဝေးဝေးနေကြဖို့ ကြေညာချက် ထုတ်ပြန်
ကိုရီးယားကားအစွမ်း အံ့မခန်း
အမေရိကန်ဈေးကွက်မှာ ရောင်းထားတဲ့ ဟွန်ဒိုင်းနဲ့ ကီယာကားစီးရေ ၅၀၀,၀၀၀ ရဲ့ ပိုင်ရှင်တွေကို သူတို့ကားတွေကို အပြင်ခပ်ဝေးဝေးမှာရပ်ဖို့နဲ့ သူများကားတွေနား သွားမရပ်ဖို့အတွက် ကားကုမ္ပဏီက အကြံပြုလိုက်ပါတယ်။
ဒါဟာ အချိန်မရွေး ကားအင်ဂျင်ကနေ မီးထတောက်နိုင်တာကြောင့် ဒီပြသနာကို မပြင်ရသေးမချင်း ခုလိုဂရုတစိုက် ပါကင်ထိုးသွားကြဖို့ အကြံပြုရတာဖြစ်ပါသတဲ့။
ကားအင်ဂျင်တွေကို အချိန်မီပြင်ပေးဖို့ရာ ပျက်ကွက်ခဲ့လို့ အမေရိကန်အာဏာပိုင်တွေက ကိုရီးယားကားကုမ္ပဏီကို ဒေါ်လာသန်း ၂၁၀ ဒဏ်ကြေးသတ်မှတ်ခဲ့ပါတယ်။
အမေရိကန်လို သေချာစိစစ်တဲ့ ကားဈေးကွက်မှာတောင်မှ ခုလိုဂျင်းတွေ လုပ်ရဲကြတာ၊ မြန်မာပြည်ဈေးကွက်ထဲမှာဆို မတွေးရဲဘူး။ ကွကိုယ်ဂျပန်ကားစုတ်လေးနဲ့ပဲ စိတ်ချမ်းသာပါတယ်လေ။
Francis Zin