ဧရာဝတီတိုင်းက ကွမ်းရွက်ဈေးကွက် ပျက်ပြီ (နောက်ဆုံးတော့ တောင်သူတွေပဲ မျက်ရည်ကျရတာပါပဲ)
ယခုနှစ် လက်ရှိအချိန်တွင် ကွမ်းရွက်စျေးမြင့်နေသော်လည်း ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့ ၌ ကွမ်းရွက်ဝယ်လိုအား မရှိကြောင်း ဒေသခံ ကွမ်းစိုက်တောင်သူများထံမှ သိရပါတယ်။
ထိုသို့ဖြစ်ရခြင်းမှာ စက်သုံးဆီ ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း၊ ကွမ်းစိုက်တဲ့သူ များလာခြင်းတို့ အဓိက ဖြစ်ကြောင်း ကွမ်းစိုက်သူတဦးက ပြောပါတယ်။
ကွမ်းရွက်စျေးသည် ယခင်က တပိဿာလျှင် ကျပ်၂၀၀၀ သာရှိပြီး ယခုနှစ်တွင် တပိဿာ ကျပ် ၅၀၀၀ အထိရှိနေကြောင်း၊ ပိုးသတ်ဆေးစျေး၊ မြေသြဇာစျေးနှုန်း ကြီးမြင့်မှုကြောင့်လည်း စိုက်ပျိုးစရိတ်ပင် ပြန်မရဘဲ အရင်းတောင် ရှုံးသေးကျောင်း ကျောင်းကုန်း ကွမ်းစိုက်သူ တဦးက ပြောပါတယ်။
ကွမ်းဈေးကောင်းပေမယ့် အရင်းအနှီးတောင် ပြန်မရကြောင်း၊ ကွမ်းရွက်တွေမှာလည်း ပိုးတွေ အလွန်ကျနေကြောင်း၊ နိုင်ငံရေး အခြေအနေကြောင့် အရောင်းအဝယ်တွေကလည်း မရှိကြောင်း ပြောပါတယ်။
ကွမ်းရွက် တစ်ဧကလျှင် အပင်ရေ ၁၀၀၀ ကျော်ရှိပြီး စိုက်ပျိုးစရိတ်မှာ ကျပ် ၁၀ သိန်းရှိကြောင်း ပိုးသတ်ဆေးစျေး၊ ဓာတ်မြေသြဇာဖိုးပါ ထည့်တွက်ပါက စိုက်ပျိုးစရိတ်မှာ တဧက ငွေကျပ်သိန်း ၁၈ နှင့် သိန်း၂၀ ကျော်ကုန်ကြကြောင်း ကွမ်းစိုက်တောင်သူများက ပြောပါတယ်။
ကျောင်းကုန်းဒေသထွက် ကွမ်းရွက်များကို အဓိကအားဖြင့် ပုသိမ်၊ မြောင်းမြ၊ ရန်ကုန်၊ မကွေးနှင့် ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းကိုပါ ပို့ဆောင်ရောင်းချနေ ကြောင်း သိရပါတယ်။