မြန်မာပြည်မှာပဲ ရှိတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ ပင်စင်လစာများအကြောင်း (ကြားရသူတိုင်း အံ့ဩပါတယ်)

ပြည်သူအားလုံးကို သိစေချင်တဲ့ ဆင်းရဲနေသော နိုင်ငံတစ်ခု၏ ပင်စင်လစာ တွက်ချက်မှု

ပြည်သူက လက်မခံတော့လို့ ရွေးကောက်ပွဲမှာ ရှုံးပြီး ပြုတ်သွားတဲ့ သမ္မတပြုတ် တစ်ယောက်ရဲ့ ပင်စင်လစာက လစဉ် လစဉ် ဆိုသလို.. ပြည်သူဘဏ္ဏာငွေထဲကနေ ထုတ်ပေးနေရတာက ၆၁ သိန်းကျော်..

အဲဒီလိုပဲ .. ကာကွယ်ရေး ဦးစီးချုပ် ကနေ အငြိမ်းစား ယူခဲ့တဲ့ ဦးသန်းရွှေကလည်း ပြည်သူ့ဘဏ္ဏာငွေထဲကနေ လစဉ် လစဉ် ယူနေတာက ၅၄ သိန်းကျော် ဒါပေမယ့်.. ပြည်သူက ရွေးချယ်တင်မြှောက်ပြီးမှ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ ပါတီကနေ သမ္မတတာဝန်ကို ထမ်းဆောင်ခွင့်ရတဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ လစာက ကျပ်သိန်း ၅ဝ ဆိုတော့..

ဒါတွေဟာ .. ဘယ်လို ဦးနှောက်တွေနဲ့ တွက်ထားကြတာလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။ ပြုတ်သွားတဲ့သူ ရတဲ့ ငွေက လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ သူထက် များနေတာ သဘာဝကျပါရဲ့လား..?

ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း နိုင်ငံရဲ့ အမြင့်ဆုံးရာထူးရှိတဲ့ သူက သမ္မတ။ ခုတော့.. လူတချို့က ဘာအလုပ်မှ မလုပ်ပဲ သမ္မတထက်တောင် ပိုရနေကြတော့ ကျွန်တော်တို့လို ဆင်းရဲနေတဲ့ နိုင်ငံမှာ ဆင်းရဲနေတဲ့ ပြည်သူတွေ အတွက် မကြည့်ပဲ ပြည်သူ့ ဘဏ္ဏာငွေတွေကို လူတချို့က လစဉ်လိုလို အဲဒီလို ရယူနေတာ အမှန်တကယ် ရှိနေကြတယ်ဆိုတာကို မိတ်ဆွေ အားလုံး သိရှိအောင် ဖော်ပြပေးရင်း.

ဘုန်းထက်ကြယ်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page