ပုံထဲကလို ပျားတွေ စုဖွဲ့နေတာ တွေ့ရင် မကြောက်ဘဲ စိတ်အေးအေးနဲ့ လုပ်သင့်တဲ့ အချက်များ
ပုံထဲကလိုမျိုး တွေ့ခဲ့ရင် မကြောက်ပါနဲ့။ မီးသတ်ဆေးဗူးနဲ့မှုတ်တာ၊ မီးနဲ့တိုက်တာ၊ ရေဖြန်းတာတွေ နဲ့ မလုပ်ပါနဲ့။ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း မခေါ်ပါနဲ့။ သူတို့ကို နေရာရွှေ့တာ ရှင်းလင်းတာတွေမလုပ်ပါနဲ့။
သူတို့ဟာ သာမာန်ပျားလေးတွေဖြစ်ပြီး ခရီးပန်းနေလို့ ၂၄ နာရီ ခဏတာ အနားယူနေတာပါ။ သူတို့ကို အနှောင့်အယှက်မပေးပါနဲ့။ သူတို့အနားလည်း မကပ်ပါနဲ့။ သူတို့သင့်ကို ဒုက္ခမပေးပါဘူး။
သူတို့ကို ကူညီချင်တယ်ဆိုရင်တော့ ပန်ကန်းပြားမှာ သကြားရည်ထည့်ပြီး သူတို့နားမှာချထားပါ။ သူတို့စားပြီး အားတွေပြည့်သွားရင် သူတို့ခရီးဆက်ဖို့ အဆင်ပြေသွားမှာပါ။
ရွှေ့ပြောင်းသွားလာတဲ့ ပျားတွေကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့ဟာ ကျွန်တော်တို့ အသက်ရှင်သန်ဖို့အတွက် အာမခံ ပေးနိုင်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ ပျားတွေမရှိရင် ကျွန်တော်တို့ လူသားတွေ အသက်မရှင်နိုင်ပါဘူး။
မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr