မျက်စိရှေ့တင် မိဘတွေ ပွဲချင်းပြီးသွားတာကို မြင်ခဲ့ရတဲ့ ကလေးအတွက် တရားမျှတမှုက ဘယ်မှာလဲ

ပြီးခဲ့တဲ့ ၂ ရက် က ပရဟိတ အဖွဲ့တစ်ခုက ပုံထဲမှာပြထားတဲ့ လူမမယ်ကလေးလေးကို ပိုက်ပြီး စကားတစ်ခုပြောပါတယ် ။

“စံပြစျေး ကျော် ငမိုးရိပ်တံတားပေါ်မှာ ဒီကလေးအဖေနဲ့အမေ စီးလာတဲ့ E bike ဆိုင်ကယ်ကို ကားတစ်စီးဝင်တိုက်သွားပါတယ် အဖေနဲ့အမေ ကလွင့်ထွက်သွားပြီး ခလေးကိုပိုက်လျှက် ဆုံးသွားပါပြီ ။ ကလေးကိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးသွားလို့ ကလေးကဘာမှ မဖြစ်ပါဘူး ဒီမိသားစုကို သိတဲ့သူများရှိရင် ကလေးလေးကို ဆက်သွယ်နိုင်ပါတယ်” တဲ့ ။

ကလေးက မျက်ရည်လေးအဝိုင်းသားနဲ့ ဟိုကြည့်ဒီကြည့်နဲ့ သူဘာမှ မသိလိုက်ခင် အရွယ်နဲ့မမျှအောင် မြင်လိုက်ရတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းသွားတယ် ထင်ပါတယ် ။ ကျမ အဲ့နေ့ညက ဘယ်လိုမှ ရင်ထဲမကောင်း။ ကလေးဆို အရမ်းလိုချင် ကလေးမြင်ရင် ချစ်လိုက်ရမှကျေနပ်သူမို့ ဒီကလေးအဖြစ်ကို သနားလွန်းရပါတယ်

ဒါနဲ့ပဲ မနက်ကျ ပရဟိတ မောင်လေး ကိုထပ်မေးတော့ ကလေးရဲ့ အဒေါ်လာခေါ်သွားပြီတဲ့ ။ ကျမလေ …. ထပ်မနေနိုင်ဘူး အဲ့ဒီ့အဒေါ်ရဲ့ ဖုန်းကိုရအောင်တောင်းပြီး ကလေးအိမ်ထိ လိုက်သွားပါတယ် ။ ဒီနေ့ပဲရောက်ခဲ့တယ် ။ ကျမရောက်တော့ နာရေးအိမ်မှာ သတင်းမေးသူတစ်ယောက်မှမရှိ တိတ်ဆိတ်လို့ ။ ဆွေမျိုးသားချင်းနည်းတဲ့သဘောပေါ့

ကျမက “ကလေးလေးဆီလာတာပါ“ ပြောတော့ ပါးစပ်အဟောင်းသားနဲ့ အံ့တွေဩနေကြတယ် ကလေးအဒေါ်ဆိုသူက မျက်ရည်လေးဝိုင်းပြီး ကလေးကိုချီထားတယ် ။ ချို့တဲ့ကြပါတယ် ။ ကလေးက တစ်နေကုန် အီပြီးငိုနေတာ ကျမ ရှေ့တင်ပါပဲ ။ ငိုမှာပေါ့ရှင် သူရှာနေတဲ့ အဖေနဲ့အမေမှ သူ့ကိုမဖက်ထားပဲ။ သူ့ကိုကာကွယ်ပြီးဆုံးသွားတဲ့ သူ့မိဘကို သူဘယ်လိုတမ်းတနေမလဲ ကျမ မစဉ်းစားရဲဘူး ။

အခု ကျမပြောချင်တဲ့ သေရေးရှင်ရေးအမျှ အရေးကြီးတယ်ဆိုတာက ဒီကလေးရဲ့ အဖေနဲ့အမေ ကို ပွဲချင်းပြီး လောက်တဲ့အထိ ကားတိုက်သွားတဲ့မောင်းသူတွေပါပဲ ဘက်ထရီဆိုက်ကယ်လေးကို ဗလိုင်းကြီးတိုက်ပြီး မောင်းပြေးသွားပါတယ်တဲ့ ဖြစ်ချင်တော့ မာရှယ်လော ကပ်နေပြီမို့ လမ်းပေါ်မှာလူရှင်းနေပြီး မျက်မြင်သက်သေ လုံးဝ မရှိပါဘူး

ဒီကလေးရဲ့ ကျန်ရစ်မိသားစုကလဲ အမှုလုပ်ဖို့စိတ်ကူးမရှိပါဘူး ။ ဘာမှ လဲ မလုပ်တတ်မကိုင်တတ် ရိုးအေးတဲ့မိသားစုပါ ။ ဒါပေမဲ့ တိုက်သွားတဲ့သူတွေအနေနဲ့ ဘာကြောင့်ပဲတိုက်တိုက် ဆုံးတဲ့သူက ဆုံးသွားပြီမှန်ပေမဲ့ လူ့လောကထဲ မိဘမရှိပဲ ကျန်ခဲ့တဲ့ ဒီလူမမယ် ကလေးလေးကို သနားရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပြီး တာဝန်ယူပေးပါလားရှင် ။

ကျမ ကျန်ရစ်သောခလေးအတွက် တောင်းဆိုတာပါ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့ လူသေမှုအတွက် သွေးပူလို့ထွက်ပြေးတယ်ပဲထား အခုသွေးအေးသွားတဲ့အချိန် ကိုယ့်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးလေးအတွက် တစ်ချက်လောက် လာဆွေးနွေးလှည့်ပါ ။

မျက်စိရှေ့တင် ပွဲချင်းပြီးသွားတဲ့ မိဘနှစ်ပါးကိုကြည့်ပြီး ငိုဖို့တောင်မေ့နေတဲ့ လူမမယ်လေးရဲ့ အဖြစ်ကို မြင်လှည့်ပါရှင် စာနာကြပါ အမှုအခင်းလုံးဝမလုပ်ပါ ငွေလဲညှစ်တတ်တဲ့မိသားစုမျိုးမဟုတ်တာ ကျမကိုယ်တိုင် သွားတွေ့ခဲ့လို့သိခဲ့ပြီးပါပြီ ။ သူများပြောလို့ ဖမ်းမိတာမျိုးလဲ ကျမ မဖြစ်စေချင်ပါ ။ လူဆိုတာ ကိုယ့်စိတ်ထဲက တကယ်စာနာမှ အရာရာ တာဝန်ယူတတ်တဲ့စိတ်ရှိတာပါ ။

ငမိုးရိပ်တံတားပေါ်မှာ လွန်ခဲ့တဲ့နှစ်ရက်က ဆိုက်ကယ်ကို တိုက်သွားသော ကားပိုင်ရှင် မိဘမဲ့ကလေးလေးကို အမြန်လာဆက်သွယ်ပါရှင် ။ ကလေးဖုန်းနံပါတ်နဲ့ လိပ်စာကို ကျမ chat box ကနေ ပေးပါ့မယ် ။ ကျမနဲ့ ဘာမှ မဆိုင်ပေမဲ့ ကျမကို ဆက်သွယ်ပြီး ညှိနိုင်းချင်လဲ ကျမ တတ်နိုင်သလောက် ကလေးလေးဘက်က ရပ်တည်ပြီး အဆင်ပြေဆုံးညှိနိုင်းပေးပါ့မယ် ။

ငွေက အဓိက မဟုတ်ပါ တဘဝလုံး နစ်နာသွားအောင် လုပ်မိတဲ့ မိမိအပြစ်အတွက် တစ်ခုခုပြန်တာဝန်ယူပေးပါ ။ လူသားဆန်ပေးကြပါ ဒီပို့စ်ကို ရှဲ ပေးခြင်းဖြင့် ခလေးအတွက် အမှန်တရားတစ်ခုခု ရအောင် ကူညီကြပါ။

Htike Htike Aung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page