တနေ့လုံး ခါးညောင်းအောင် ထိုင်ရောင်းရမှ (၅၀၀၀) ပဲရတဲ့ အသက် (၈၃) အရွယ် အဖွား

အဖွားရှေ့က…စျေးဗန်းကြီး တခါတည်း အကုန်ရောင်းရပြီပေါ့

အဖွား…အသက် (၈၃)နှစ်၊ ဟင်းသီးဟင်းရွက်လေးတွေ ရောင်းတယ်။ စျေးထဲ သွားရင်း…အဖွား ဆိုင်ရှေ့က ဖြတ်တော့… သားလေး…ကန်းစွန်းရွက်လေး အားပေးပါလား သားရယ်။

ဟုတ် အဖွား…အားပေးမယ်ဗျာ…ဘယ်လိုရောင်းလဲ ဗျ၊ တရုတ် ကန်းစွန်းက (၂)စည်း – ၅၀၀ကျပ်ပဲ ပေးပါ သား၊ ဟုတ်…ဟို မြန်မာကန်းစွန်းကကော… (၁)စည်း – ၁၀၀ကျပ်ပါ သား

ဟုတ် အဖွား…တရုတ် ကန်းစွန်း နဲ့ မြန်မာကန်းစွန်း အကုန်ယူမယ်…လိပ်စာ ကျွေးမလို့။ ဟာ..ဝမ်းသာလိုက်တာ…ဒါတွေ အကုန် သား ယူမှာပေါ့နော်။ ဒါပေါ့ အဖွားရဲ့…ဒါနဲ့ ချဉ်ပေါင်ကော ဘယ်လောက်လဲ။

(၁)စည်း – ၁၀၀ကျပ်ပဲ ပေးပါ သားရယ်… အင်း…သားက ချဉ်ပေါင်ဟင်းရည်ကြိုက်တယ်…ချဉ်ပေါင်ဟင်းရည်ချက်စားမယ်…အကုန်ယူမယ် အဖွားရေ။ ဟာ…တကယ်လား သား။ တကယ်ပေါ့…အဖွား…ဘယ်လောက်ကျလဲ အဖွား တွက်ရအောင်

သား အကုန်လုံးမှ (၅)ထောင်ပဲ ပေးပါ။ အဖွား တနေ့ကို အဖွားတွက် ဘယ်လောက်ကျန်လဲ။ ကားခ အကုန် ဖယ်လိုက်ရင် ငါးထောင်လောက်တော့ ကျန်တယ်သား…ဒီလိုပဲ ရှာစားရတာပေါ့။

အရင်ကတော့ သားရှိတယ်…သူလဲ စစ်တပ်ထဲရောက်ပြီ…ရှေ့တန်းမှာ ကျသွားတယ် ကြားတယ်…ကြာပါပြီ သားရယ်။ အဖွား ဘာသာ ရှာစားရတာပေါ့

ဟုတ် အဖွား…ဒါဆို အကုန်လုံးမှ (၅)ထောင်နော်။ ဟုတ်တယ် သား….အဖွားရှေ့က စျေးဗန်းကြီး တခါတည်း အကုန်ရောင်းရပြီပေါ့။ ဟုတ် အဖွား…ရော့ ၅၀၀၀၀ ကျပ်။

ဟမ်…သား… ဒါတွေက… ဟုတ်တယ် အဖွား…အဖွား လိုရာသုံးဖို့ပါ။ (အဖွား မျက်ရည်တွေကျလာပြီ)။ ဝမ်းသာလိုက်တာ…အဖွား သားကို ဆုပေးပါရစေ…အဖွား ပိုက်ဆံတွေ အများကြီးကိုင်ပြီ…အိမ်အစောကြီး ပြန်ရပြီပေါ့။

မငိုပါနဲ့ အဖွား…အိမ်ကို ဂရုစိုက်ပြီ ပြန်ပါနော်။ ကျေးဇူးတင်ပါတယ် သားရယ်။

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွား ကိုယ်စားကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖွား ဒီနေ့ ပျော်သွားတာလေးကြည့်ပြီ…ပီတိလေး ဖြစ်ရပါတယ်။

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page