ကျွန်းပိုင်ကြီးတယောက်နဲ့ မနက် ၆ နာရီမှ ကရတဲ့ ထူးဆန်းတဲ့ အငြိမ့်ခွင်တခု

ကျနော် ဒုတိယနှစ် ကျောင်းတွေ ပိတ်စဉ် ကာလ ခြေကောက် လိုက်ကတုံးကပေါ့ မြိတ် ထားဝယ် တစ်ဝှမ်း ကျွန်းကြီးကျွန်းငယ်တွေလိုက်ကနေရခိုက် ကျွန်းပိုင်တစ်ယောက် ဇာတ်လာငှားပါတယ်>

အဲ့ဒီခေတ်တုံးက ကျွန်းပိုင်ဆိုတာ (မှောင်ခိုခေတ်) စက်လှေ ဆယ်စီးမကပိုင်တယ်။ အေကေဖိုတီဆဲဗင်း အလက် တစ်ရာလောက်ကိုင်တယ် တပဲ့ ( ကိုယ်ရံတော်) ဆယ်ယောက်လောက်ရံတယ်။

ခေါင်းစဉ်တပ်တာက ဘုန်းကြီးကျောင်း အသစ်ဆောက်လှုတဲ့ပွဲ ဘုန်းကြီးကျောင်းကိုလည်း အသစ်ဆောက်ပေးပါရဲ့ အမှန်တစ်ကယ် သူတို့ ရည်ရွယ်ချက်က ဇာတ်စင် အလည်မှာထား ကခိုင်းထား ပွဲစျေး ပတ်ခြာလည် လောင်းကစားဝိုင်းတွေထောင် အကောက်ကောက် လေးကောင်ဂျင် အနီထောင် ခြောက်လုံး ပတ်လည် တွေ

ဒီလိုနဲ့ ပွဲနှစ်ည ကပြီး ပတ်စာခွာ ဖျာသိမ်းနေခိုက် မနက်စောစောမှာ ကျွန်းပိုင်ကြီးနဲ့တပည့်တွေ လက်နက် အစုံ အလင်နဲ့ ရောက်လာပြီး ငါတို့ ညကနိုင်ထားတာလေး ဖြုန်းချင်လို့ နင်တို့ ညက ကတဲ့အတိုင်း ခုပြန်ကပေး ရော့ ပုံမှန် ညစျေးရဲ့ သုံးဆ ဆိုပြီး ပုံပေး။

ကျနော်တို့မှာ မနက်ခြောက်နာရီကစလို့ နေ့လည် ဆယ်နှစ်နာရီ အထိ နေပူကြဲကြဲ မှာ ပြန်ကခဲ့ရပါတော့တယ် ပရိသတ်က ဆယ့်လေးငါးယောက် သူတို့ သဘောကျတဲ့ ပြက်လုံးဆို သနတ်တွေ မိုးပေါ် တဒိုင်း ဒိုင်းနဲ့ပစ်

သြော် တစ်ခါက လူရွှင်တော် ဘဝ။

Aung Khing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page