အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ ထူးဆန်းတဲ့ အကျင့်ကို အပါးတော်မြဲဟောင်းက ဖွင့်ချခဲ့

အမေရိကန်သမ္မတဟောင်းထရမ့်ဟာ စာရွက်တွေကိုဖြဲပြီးရင် ဝါးစားတတ်တယ်လို့ဆိုပါတယ်။

ထရမ့်ရဲ့အရင်အပါးတော်မြဲဟောင်း Ms Manigault Newman က MSNBC သတင်းဌာနကို ဖွင့်ချခဲ့တာဖြစ်ပါတယ်။

Michael Cohen ရုံးကထွက်သွားပြီးတဲ့နောက် ကျမသမ္မတရုံးထဲဝင်လာတဲ့အချိန်မှာ ဒေါ်နယ်ထရမ့်က သူစောနလေးတင်ဖြဲထားတဲ့စာရွက်တွေကို ဝါးစားနေတာတွေ့ရတယ်လို့ ပြောသွားပါတယ်။

ထရမ့်ကမြေပုံတွေပေါ်မှာ ဆော့ပန်နဲ့လိုင်းတားခြင်း၊ အချို့စာရွက်စာတမ်းတွေကို အိမ်ယူသွားတာတွေဖြစ်ခဲ့ပြီးနောက် အမေရိကန်မော်ကွန်းမှတ်တမ်းရုံးက သမ္မတဟောင်းဆီက စာရွက်စာတမ်းပုံး (၁၅) ပုံးကို အတင်းပြန်တောင်းခဲ့ရပါတယ်။

အဲဒီကနေ သတင်းဌာနတွေက ထရမ့်ရဲ့အကျင့်ကို သူ့ဝန်ထမ်းဟောင်းတွေကို အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

ဗိုက်ဆာလို့ပဲ ကလေးလိုစာရွက်တွေဝါးစားသလား၊ အရေးကြီးစာရွက်တွေကို စာရွက်ဖျက်ဆီးစက်ကို စိတ်မချလို့ ဝါးစားသလား၊ သူငယ်နာ မကင်းတာများလားဆိုတာ မသိရပါ။

သူများတွေ နှာချေးကလော်၊ အိမ်သာတက်ပြီးကိုင်ထားတဲ့စာရွက်တွေဂို … သူမို့မရွံမရှာ။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page