မျိုးမတူတဲ့ တိရစ္ဆာန် နှစ်ကောင်ကြားက ထူးခြားဆန်းကြယ်တဲ့ မေတ္တာအခြေခံ ဖြစ်ရပ်မှန် ဇာတ်လမ်း

တခါတုန်းကအိနွိယနိူင်ငံ အာဆမ်နယ်ရှိ ကျေးရွာတစ်ရွာက လူတစ်ယောက်ဟာ အနီးအနားရွာကနေ နွားတစ်ကောင်ကို ဝယ်ယူခဲ့တယ် အဲဒီနွားကို ဝယ်ယူတဲ့နေ့က စပြီး သူ့ရွာမှာ ညတိုင်းလိုလို ခွေးဟောင်သံတွေ ကြားလာခဲ့ရတယ်

ရွာသားတွေက ညမထွက်ရအမိန့်ကို အခွင့်အရေးယူပြီး သူခိုးကပ်တယ် အထင်နဲ့ စီစီတီဗီတွေ တပ်ဆင်ကြတာပေါ့။ အဲဒီတပ်ဆင်တဲ့ညမှာပဲ မြင်ရတဲ့ အရာတစ်ခုဟာ သူတို့တွေ အားလုံးကို အံ့သြမင်သက် သွားစေခဲ့တယ်။

အဲဒါဘာလဲဆိုတော့ ကျားသစ်တစ်ကောင်ဟာ ရွာထဲဝင်ဝင်လာပြီး နွားမတစ်ကောင် အနားနားမှာရင်းရင်းနှီးနှီး ပွတ်သီကပ်သီနဲ့ နေထိုင်နေလို့ပါပဲ။

ဒါနဲ့ သူတို့တွေဟာ အဲဒီနွားပိုင်ရှင်ကို အကျိုးအကြောင်းမေးပြီး သူဝယ်လာတဲ့ရွာကို သွားရောက်ပြီး စုံစမ်းကြတယ်။ စုံစမ်းတဲ့အခါ တောနက်ကြီးထဲ သေဆုံးနေတဲ့ ကျားသစ်မကြီးတစ်ကောင်ရဲ့ နံဘေးနားမှာ မွေးကင်းစရက် (၂၀) သာ ရှိသေးတဲ့ ကျားသစ်ပေါက်လေးတစ်ကောင် တွေ့တော့ ရွာသားတွေဟာ ရွာထဲကို ယူလာပြီး နွားမတစ်ကောင်ရဲ့ နို့ကို တိုက်ကျွေးခဲ့တယ်။

နွားမကြီးကလည်း ကျားသစ်ပေါက်ကလေးကို သူ့ရဲ့ သားသဖွယ် မိခင်စိတ်အပြည့်နဲ့ စောင့်ရှောက်ရှာတယ်လေ။ ဒီလိုနဲ့ ကျားသစ်ပေါက်လေး အရွယ်ရောက်လာတော့ ရွာသားတွေက ကျားသစ်လေးကို တောထဲ ပြန်လွှတ်ပေးခဲ့ကြတာပေါ့။

ဒါပေမယ့် ကျားသစ်လေးက သူ့ကို နို့တိုက်ကျွေး မွေးမြူပေးခဲ့တဲ့ မိခင်နွားမကြီးကို မေ့မသွားဘဲ သူ့မိခင်နွားမရှိရာကို ညတိုင်းပဲ ရောက်ရောက်လာပြီး အတူတူနေလေ့ရှိတယ် လို့သိခဲ့ကြရတာပေါ့။

ရက်စက်တတ်တဲ့ တိရစ္ဆာန်ဖြစ်ပေမယ့် သူ့ကို နို့တိုက်ကျွေးမွေးခဲ့တဲ့ မိခင်နွားမကြီးအပေါ် ဘယ်လိုနေရမယ်ဆိုတာကို ကျားသစ်လေးက ကောင်းကောင်းကြီးသိနေခဲ့တယ်။

တိရစ္ဆာန်တစ်ကောင်တောင် ကျေးဇူးတရားကို ဒီလောက်သိတတ်သေးရင် လူသားတွေဖြစ်တဲ့ ကျွန်တော်တို့တွေဟာ ကျေးဇူးတရားကို ပိုပြီး သိတတ်သင့်ပါတယ်။ တချို့တွေက မိဘမေတ္တာကို ကိုယ်တိုင်မိဘနေရာမရောက်မချင်း မခံစားတတ်ကြဘူး။ မိဘနေရာကို ရောက်သွားကြပေမယ့်လည်း မသိတတ်ကြဘူး။မိဘကိုပေါ့ပေါ့တန်တန်ဆက်ဆံကြတယ်။

သက်ရှိထင်ရှားရှိနေတဲ့ မိဘကို စိတ်ချမ်းချမ်းသာသာ မထားကြတာဟာလည်း လောကမှာပြင်မရတဲ့ မဟာအမှားကြီးတစ်ခုပါပဲ။

အမေ့နို့နဲ့ ကြီးပြင်းခဲ့တဲ့ ကျွန်တော်တို့တွေဟာ အမေ့နို့မဟုတ်တဲ့ နွားမကြီးရဲ့ နို့နဲ့ ရှင်သန်ကြီးပြင်း လာခဲ့တဲ့ကျားသစ်လေးထက် ကျေးဇူးတရားကို ပိုသိသင့်ပါတယ်။

Thi Ha Haling

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page