လှိုင်သာယာက ဆိုင်ကယ်ချောင်းဖမ်းပွဲနဲ့ ပေါင်းစား၊ ရိုက်စား၊ ချောင်းစား လုပ်နေကြသူများ
ခုဆို ကျနော်တို့ လှိုင်သာယာမှာ ကျတဲ့ သူတွေက အတော်ကိုဆိုးရွားလွန်း လှပါတယ်ဗျာ၊ ဥပဒေအရ ဆိုင်ကယ်တွေ ဖမ်းတယ်ဆိုလဲ ၃ ဘီးဆိုင်ကယ်တွေ ဘက်ထရီကားလေးတွေ အစရှိသဖြင့် အကုန်ဖမ်း ပြန်မပေးနဲ့ပေါ့ဗျာ၊ ဒါမှမဟုတ် သက်ဆိုင်ရာ ရာအိမ်မှုးတွေကတဆင့် ဘယ်နေ့နောက်ဆုံးထားအပ်နှံဆိုပြီး အကုန်သိမ်းလိုက်ပေါ့၊
ခုဆို တစ်ရက်ခြား ဆိုင်ကယ်သီးသန့်ကို ရည်ရွယ်ချက်ရှိရှိ ချောင်းဖမ်းပွဲလုပ်တယ်၊ ဖမ်းခံရတဲ့ ဆိုင်ကယ်တွေကို ဘယ်အချိန်ပြန်လာပါဆိုပြီး (များသောအားဖြင့် ၁၂ နာရီနောက်ပိုင်း) ချိန်းတယ်ဗျာ၊ ဖမ်းတဲ့အဖွဲ့တစ်ဖွဲ့ဟာ ၄၀ စီးလောက် Target မီပီဆိုရင် နားပြီ၊
အဖမ်းခံဆိုင်ကယ်သမားတွေခဗျာလည်း ပိုက်ဆံအပြေးရှာကြရတယ်၊ သူတို့သတ်မှတ်တာက တစ်စီး ရှစ်သောင်းပေးဘဲ၊ ငိုတာတော်တဲ့သူ ၅ ပြား (ငါးသောင်း) ဘဲဗျ၊ ပြန်ရွေးရတဲ့နေရာက မြို့တော်ခန်းမရယ်၊ ကိုရီးယားမြန်မာဘုန်းတော်ကြီးသင် ပညာရေးကျောင်းရယ် ၂ နေရာပေါ့ဗျာ၊ ပြန်ရွေးအောင်လို့ အချိန်ပြောခေါ်ထားတယ်၊
အထဲရောက်ရင် ဆိုင်ကယ်ကိစ္စ ဘာလိုဖြစ်ချင်လဲဆိုတော့ ပြန်ရွေးပါ့မယ်ပေါ့၊ လိုင်စင်ရှိရှိ မရှိရှိ အထက်က အပြီးသိမ်းဖို့အမိန့်ထုတ်ထားတယ်ဆိုတော့ ပြန်ပေးလို့တော့မရဘူး၊ ဒါပေမဲ့ သူတို့နဲ့တွေ့တာ အင်မတန်ကံကောင်းတဲ့အကြောင်း၊ စာရင်းတင်လိုက်ပေမဲ့ ရှစ်ပြား (၈၀၀၀၀) ပေးရင် သို့မဟုတ် အဟောင်းတစ်စီးဝယ်လာပေးရင် ပြန်ပေးမယ်ပေါ့၊ ကျေးဇူးရှင်ကြီးတွေလိုကို ဖြစ်လို့ပေါ့ဗျာ၊
ဒါပေမယ့် ဖမ်းခံထိတဲ့သူ ၄၀ ရှိတယ်ထား၊ မိသားစု ၄၀ လုံးက သူတို့ကိုမုန်းကုန်လိမ့်မယ်၊ သူတို့နဲ့ ဆက်စပ်သူတွေကို ထပ်မုန်းကုန်မယ်ဗျာ၊
ခုဆို ကျန်းမာရေးမကောင်းဖြစ်လို့ ညအချိန်ဆို တက္ကစီနဲ့အရဲစွန့်ပြီး ဆေးရုံတွေသွားနေရတဲ့ ဒုက္ခတွေ၊ ဆေးရုံမှာ ရောင်းတဲ့ဆေးခန်းတွေကလည်း ၂၄ နာရီ ဝန်ဆောင်မှုမပေးတော့ ဆေးလိုလို့ဝယ်ရရင် ခိုင်ဆေးရုံကို ညဘက်ကြီးသွားရတာတွေက အတော်လေးဆိုးရွာလွန်းလှပါတယ်ဗျာ..