သွင်းကုန်လုပ်ငန်းရှင်များကို စကစ ဒေါ်လာ မရောင်းတော့ (ဘာဝယ်ဝယ် ဈေး ၂ ဆ ဖြစ်ပါပြီ)

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ နယ်စပ်ဒေသတွေမှာ ဒေါ်လာငွေကြေးနဲ့ တင်သွင်းရာမှာ နိုင်ငံခြားငွေဝယ်ယူ ခွင့်တောင်းခံတာမပြုလုပ်ဖို့ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုဩဂုတ်လကစပြီး နယ်စပ်ဒေသတွေမှာ ဒေါ်လာငွေကြေးနဲ့ တင်သွင်းဖို့ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးတဲ့အပေါ် နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံတာ မပြုလုပ်ဖို့နဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီကို ငွေဝယ်ယူခွင့် တင်ပြ တောင်းခံတာ မပြုလုပ်ဖို့ ကြေညာထားတာဖြစ်ပါတယ်။

နိုင်ငံခြားငွေ ဝယ်ယူခွင့်တောင်းခံတာ မပြုလုပ်ဖို့ကိုလည်း နယ်စပ်ဒေသက သွင်းကုန်လုပ်ငန်းရှင်တွေကို အသိပေးထားပြီး ဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာက ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးကလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက မြန်မာနယ်စပ်အားလုံးမှာ ဆန်၊ ပဲ၊ ပြောင်း နဲ့ ဆီထွက်သီးနှံတွေ ပြည်ပ နိုင်ငံတွေကို တင်ပို့ရောင်းချတဲ့အခါ အမေရိကန်ဒေါ်လာ တစ်မျိုးတည်းသာ ဆောင်ရွက်သွားဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြန်လည်ညွှန်ကြားထားတာဖြစ်ပါတယ်။

စကစ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ၁၈၅၀ ကျပ်နှုန်းနဲ့ ရောင်းချပေးရာမှာ စက်သုံးဆီနဲ့ စားသုံးဆီလို အရေးကြီးကုန်စည်တွေ သွင်းတဲ့လုပ်ငန်းရှင်တွေကိုပဲ ဦးစားပေးရောင်းချပေးနေ တယ်လို့ ပြောထားပါတယ်။

ယခုလို သွင်းကုန် လုပ်ငန်းရှင်တွေကို ဒေါ်လာ မရောင်းပေးတော့တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပနိုင်ငံများမှ ပစ္စည်းများ သွင်းမည်ဆိုပါက ဒေါ်လာကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ်လာဈေး ၂ ဆ ဖြစ်သွားသလို ပြည်ပကုန်ပစ္စည်းတွေလည်း နှစ်ဆ ဖြစ်သွားပါတော့မယ်။ ပြည်သူတွေကတော့ ကျပ်တည်းပြီးရင်း ကျပ်တည်းမယ့် အခြေအနေကို ရောက်သွားမှာပဲ ဖြစ်ပါတော့တယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page