၆ နှစ်ကြာ တာယာကွင်း လည်ပင်းမှာ စွပ်နေတဲ့ မိကျောင်းကြီးကို ကူညီကယ်ဆယ်နိုင်ခဲ့ပါပြီ

လည်ပင်းမှာ မော်တော်ဆိုင်ကယ် တာယာတစ်ခုနဲ့ ခြောက်နှစ်ကြာ လှည့်လည်ကျက်စားနေတဲ့ မိကျောင်းကြီးကို အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ တိရစ္ဆာန်ချစ်သူတစ်ဦးက ဖမ်းဆီးပြီး တာယာကွင်းကို ချွတ်ပေးလိုက်တဲ့အတွက် လွတ်မြောက်သွားခဲ့ပါပြီ။

အရှည်အားဖြင့် ၁၄ ပေခန့် ရှိတဲ့ မိကျောင်းကြီးဟာ အရွယ်အစား ကြီးလာတာနဲ့အမျှ သူ့ရဲ့ လည်ပင်းအား ချုပ်ထားသလို ဖြစ်မှာကို ဒေသခံများက စိုးရိမ်နေကြပါတယ်။

အဆိုပါ မိကျောင်းကြီးကို ဩစတြေးလျနိုင်ငံမှ မိကျောင်းဖမ်းသည့် အဖွဲ့ လာရောက် ဖမ်းဆီးခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ကြက်နဲ့ ဘဲတွေကို သစ်လုံးမှာ ချည်ပြီး အစာအဖြစ် မျှားကာ ကြိုးကွင်းဖြင့် ပစ်ပြီး ဖမ်းယူခဲ့ကြခြင်း ဖြစ်ပါတယ်။ မိကျောင်းကြီးနောက်ကို သုံးပတ်ကြာ ခြေရာခံလိုက်ခဲ့ရပြီး နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်ခဲ့ပါတယ်။ သုံးကြိမ်မြောက်မှာတော့ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တွင် ဒေသခံ အာဏာပိုင်များကို မိကျောင်းကြီး လည်ပင်းတွင် စွပ်နေသော တာယာကို ဖယ်ရှားပေးနိုင်သူအား ဆုငွေပေးမယ်လို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ မိကျောင်းကြီးကို ဖမ်းဆီးခဲ့တဲ့ တိရစ္ဆာန်ချစ်သူ တီလီကတော့ သူ့ရည်ရွယ်ချက်က ဆုငွေကို အဓိက မထားဘူးလို့ သိရပါတယ်။

တိရိစ္ဆာန်တွေကို ကျွန်တော် ကူညီချင်ပါတယ်။ မြွေတွေကိုတောင် ကူညီပါမယ်လို့ တီလီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တာယာကွင်းကို လွှနဲ့ တိုက်ဖြတ်ပြီးနောက် ယင်းမိကျောင်းကြီးအား တနင်္လာနေ့ညနေပိုင်းတွင် မြစ်ထဲသို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page