တနေ့လုပ်မှ တနေ့စားရတဲ့သူတွေအတွက် ကိုပူတူးရဲ့ ကြက်ပေါင်း လက်ဆောင်
အိုမီခရွန် အတွက်…ကြက်ပေါင်း Surprise
စားချင်တာပေါ့…တပွဲ (၈)ထောင် (၁)သောင်းဆိုတော့ မစားနိုင်ပါဘူး။
တနေ့လုပ်မှ တနေ့စား…တနေ့တောင်းမှ တနေ့စားရတာ… အဲ့လောက် ပိုက်ဆံ အများကြီး ဝယ်မစားနိုင်ပါဘူး။
စားချင်တယ်ဆို ကျွေးမယ်…ရော့ ကြက်ပေါင်း အားရှိအောင် နေကောင်းအောင် စားကြ။
ဪ …ကိုယ်တွေလဲ သူများစား မြင်ရင် စားချင်ကြတာပဲလေ…သူတို့လဲ လူပဲလေ…စားချင်ရှာမှာပဲ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
လှူဒါန်းသူ အားလုံးကို အထူးပင် ကျေးဇူး တင်ရှိပါတယ် ခင်ဗျာ…