ကမ္ဘာကျော် သူဌေးဆိုပြီး လုပ်ချင်တိုင်း လုပ်လို့မရကြောင်း သက်သေပြလိုက်တဲ့ နယ်သာလန်က အဖြစ်
အမေဇုန် သူဌေးကြီး ဂျက်ဖ်ဘီးဇော့ရဲ့ ဇိမ်ခံရွက်လှေကြီး ဖြတ်သန်းရာမှာ နေရာလွတ်ဖို့ နယ်သာလန်က the Koningshaven Bridge ကိုယာယီဖြုတ်ပေးဖို့ အာဏာပိုင်တွေက ကတိပေးခဲ့တာကို ဒေသခံတွေက ဒေါသထွက်နေကြပါတယ်။
ရော့တာဒမ်က လူတွေက အခုလို ၁၈၇၈ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ သမိုင်းဝင်တံတားကို ယာယီဖြုတ်ပြီးပြန်ဆင်တာကို မလိုလားကြပါဘူး။
မကျေနပ်တဲ့သူတွေက ဇွန်လ ၁ ရက်နေ့မှာ အဲ့ဒီရွက်လှေကြီးတံတားနေရာက ဖြတ်သန်းရင် ကြက်ဥပုပ်နဲ့ဝိုင်းပေါက်ဖို့ Event လုပ်ထားပါတယ်။ အခုထိ လူပေါင်း ၂၀၀၀ ကျော်ကပါဝင်မယ်လို့ လုပ်ထားပါတယ်။
ဂျက်ဖ်ဘီးဇော့ရဲ့ အဲ့ဒီ Y721 ဇိမ်ခံရွက်လှေကြီးဟာ ပေါင်ငွေ သန်း ၄၀၀ လောက်တန်ပြီး အာဏာပိုင်တွေက ရွက်လှေဆောက်လို့ အလုပ်ရမယ့်သူတွေက ပိုအရေးကြီးတယ်လို့ ဆိုထားပါတယ်။
Richard Myo Thant