ကျဖို့ လမ်းမမြင်တဲ့ စက်သုံးဆီ ဈေးနှုန်းနဲ့ နူတဲ့ကြားက ဝဲစွဲ ခံရဦးမယ့် အခြေခံလူတန်းစားများ

ရုရှားက ကမ္ဘာမှာ ရေနံထွက်တာ တတိယချိတ်တယ်။ ရုရှ ယူကရိန်း ကို ဝင်တိုက်မယ် ခြိမ်းခြောက်တယ်၊ ဥရောပ မှာ က ဆောင်းတွင်း၊ ယူကရိန်းနားက အအေးပိုတဲ့နိုင်ငံတွေက အကယ်၍ စစ်ဖြစ်ခဲ့ရင်ဆိုတဲ့ အခြေအနေနဲ့ ရေနံမပြတ်အောင် ပိုဝယ် စုနေကြတယ်။

ရေနံထုတ်တဲ့ နိုင်ငံတွေ (opec) က ကိုဗစ်တုန်းက လူတွေအပြင်မထွက်ကျလို့ ခွက်ထိုးခွက်လှန် စျေးထိုးကျလို့ ရှုံးခဲ့ရတဲ့ ရေနံအရှုံး ကို ကာဖို့ ရေနံစျေးကို ဆွဲတင်နေတယ်။

ကမ္ဘာ က တနေ့လိုအပ်နေတဲ့ ရေနံပမာဏထက် လျော့ ပြီး ထုတ်တော့ စျေးတွေတက်လာတယ်၊ စစ်ပွဲ လန့်နေတာနဲ့ပေါင်းလိုက်တော့ ရေနံစျေးဟာကြောက်ခမန်းလိလိတက်နေတယ်။

နှစ်လည်အထိ ရေနံစျေးကျဖို့မမြင်ဘူး တဲ့။ တို့တတွေတော့ နူ တဲ့ကြားထဲ ဝဲစွဲ ဦးမယ်။

Kyaw Swa Min

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page