ချစ်သူများနေ့မှာ အတွဲမရှိတဲ့သူတွေကို သစ်ပင်ဖက်ခိုင်းလိုက်တဲ့ ဖိလစ်ပိုင်နိုင်ငံ
ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ ချိန်းတွေ့မယ့်လူ မရှိဘဲ တစ်ကိုယ် တည်း ဖြစ်နေသူတွေ အနေနဲ့ သစ်ပင်ကို ဖက်ပြီး ဆုတွေ ရယူနိုင်ကြောင်း ဖိလစ်ပိုင် ပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ်ဌာန ကကြေညာ လိုက်ပါတယ်။
ဖိလစ်ပိုင် ပတ်ဝန်းကျင်နဲ့ သဘာဝရင်းမြစ်ဌာန က သစ်ပင်တွေ ကို လူတွေ တန်ဖိုးထားလာစေဖို့ အခုလို စီစဉ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့ ပိုဆိုးလာနေတဲ့ ရာသီဥတု ပြဿနာ ကို ဖြေရှင်းရေး အစိုးရအဖွဲ့တွေ အနေနဲ့ စနစ်ကျတဲ့ နည်း လမ်းတွေ လက်ခံကျင့်သုံးကြရန် ကမ္ဘာတစ်ဝန်း က ရာသီဥတု တက်ကြွလှုပ်ရှား သူတွေ က တိုက်တွန်းထားချိန် မှာ လူတွေ ကို သစ်ပင်တွေ ဖက်ခိုင်းတဲ့ နည်းလမ်း နဲ့ ရာသီဥတု ပြဿနာ ကို တိုက်ဖျက်ရေး ဖိလစ်ပိုင် ပတ် ဝန်း ကျင် နဲ့ သဘာဝရင်းမြစ်ဌာန ကမျှော်လင့်ထားပါတယ်။
ရာသီဥတု ပြောင်းလဲမှု ကိုတိုက်ဖျက်ရာမှာ သစ်ပင်တွေ ရဲ့ အရေးပါပုံနဲ့ သစ်တောများကို စောင့်ရှောက်ရန် အရေးကြီးကြောင်း ဖိလစ်ပိုင် လူထု ကပိုပြီးသတိပြုမိလာစေရန် အခုလို စီစဉ် ဆောင်ရွက်တာဖြစ်ကြောင်း ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးက ပြောကြားပါတယ်။
ဒီအစီအစဉ်ကို အွန်လိုင်း ကနေပြုလုပ်သွားမှာ ဖြစ်ပြီး ပါဝင်သူတွေ ထဲ က ၁၀ ဦး ကို ဆုချီးမြှင့်သွာမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ကနေ သဘာဝပတ်ဝန်းကျင် ကို မထိခိုက်စေဘဲ ဆင်းရဲမွဲတေမှု လျှော့ချရေး မိမိတို့ရဲ့စီးပွားရေး ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ဖိလစ်ပိုင် နိုင်ငံသားတွေ ကို စေ့ဆော်ရန် ရည်ရွယ်တယ်လို့ ဝန်ကြီးကပြော ကြားပါတယ်။