ကလေးတွေကို အငုံ့စိတ်၊ ကြောက်စိတ်တွေ ထည့်ပေးခဲ့တဲ့ ကျောင်းစာထဲက ဂျင်းပုံပြင်တပုဒ်
ကျနော်စဉ်စားမိသော ကလေးဘဝကပုံပြင်များနှင့်အငုံ့စိတ် – အညံ့စိတ် – ကြောက်စိတ်
ငယ်ငယ်က ကျောင်းစာထဲမှာ တစ်နေ့ရွှေဥတစ်လုံး ဥပေးသော ငန်းကြီး ဗိုက်ထဲ ၌ ရွှေဥအများကြီးရှိမည်အထင်နှင့် ဗိုက်ခွဲသတ်မိသော လူကြီးအကြောင်းကို “အလိုကြီးလို့အရနည်းသူ”ဆိုတဲ့ ပုံပြင်လေးအဖြစ် သတိရမိတယ် ။
ပုံပြင်ကပေးတဲ့ message ကတော့ အလိုကြီးလို့ အရနည်းသွားတယ်ဆိုတာနဲ့ ဒီလို လောဘကြီးရင် ခံရတယ် ဆိုပြီး ၊ ပုံပြင်ထဲကလူကြီးကို သာသာနှင့်နာနာလေးနှက်ထားခြင်းဖြစ်သည် ။ အခြားသူတွေတော့ ဘယ်လိုခံစားရသည်မသိ ၊ ကျွန်တော်ကတော့ အသက်ကြီးလာလေ၊ ဒီပုံပြင်ကို ရယ်ချင် ပက်ကျိ ဖြစ်လေ ဖြစ်သည်။
လူငယ်တွေရဲ့အတွေးနုနုထဲကို ရိုက်ထည့်ပေးနေတဲ့ အတွေးအခေါ်အမှားတွေဟုသာမြင်သည် ။ ဒီလိုပုံပြင်တွေကြောင့် လူငယ်တွေရဲ့ အပြင်းအထန်ရလိုစိတ် ကျိုးသွားသည် ။ “ရသလောက်လေးပဲ မှန်မှန်ယူတာကောင်းတယ် စွန့်စားလိုက်ရင် မူလရထားတာလေးတောင် ပျောက်သွားနိုင်သည်” ဆိုသော ကြောက်စိတ်ကို ထည့်ပေးခြင်းသာဖြစ်သည်။
ဒီလိုလူတွေ ကြီးလာတော့ “ငါတို့ကတော့ ဘာမှမလုပ်ချင်ပါဘူး ၊မရင်းရဲပါဘူး ၊ ဘဏ်တိုးလေးနဲ့ပဲထိုင်းစားတော့မယ်” ဆိုသော သူတွေဖြစ်လာပေသည်။
ဘယ်အရာကိုမှ မစွန့်စားချင်၊ ရတာလေးနှင့်မှိန်းနေချင်သည့် “အလုပ်ဖင်စွဲ လူတန်းစား” တွေဖြစ်လာပေသည်။ စွန့်စားသူ ၊ ရင်နှီးမြတ်စွန်းလိုသူတွေ အခက်အခဲတွေ့၊ အရှုံးပေါ်ချိန်မှာ၊ လက်ညှိုးထိုး လှောင်သူ ၊ ပြစ်တင်ရှုံ့ချသူတွေသာ ဖြစ်လာကြမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ငန်းများသည် နေ့တိုင်း ဥမဥသလို၊ ရွှေဥလည်း မဥ ကြပါ ။ ထိုငန်းများ နှင့် ရွှေဥများကို အကြောင်းပြုပြီး ကလေးငယ်များ၏ စွန့်စားလိုစိတ်နှင့် စီးပွားရေး စွန့်စား စွန့်ဦးတီထွင်သူများ ဖြစ်လိုစိတ်ကို သင်းသပ်ခံလိုက်ရပေသည်။
အလွယ်ဆုံး ဥပမာပေရလျှင် တိုင်းပြည်နှင့်အနာဂတ်အတွက် ရွှေဥများစွာရှိသည်ကို တစ်နေ့ တစ်ဥနှုန်းကျ ငန်းဖင်ထဲ ပြန်သွင်းနေခြင်း ဖြစ်သည်။ ရေတိုမှာ မသိသာပေမဲ့၊ ရည်ရှည်မှာတော့ မြင်သည့်အတိုင်းပင်….။
မူရင်းရေးသားသူအား လေးစားမှုဖြင့်