တိုက်ခန်းစရန်ငွေပေးတဲ့နေ့မှာ ရောင်းသူဆီကနေ ဝယ်သူက မဖြစ်မနေ တောင်းယူရမယ့် စာရွက်စာတမ်းများ
တိုက်ခန်းစရန်ငွေပေးသည့်နေ့တွင် ဝယ်သူအနေ ဖြင့် ရောင်းသူထံမှရယူရမည့် စာရွက်စာတမ်းများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) မြေရှင်နှင့် ကန်ထရိုက်အကျိုးတူဆောက်သည့် တိုက်ခန်းဖြစ်လျင် မြေရှင် နှင့် ကန်ထရိုက်တို့ချုပ် ဆိုသည့် စာချုပ် (မိတ္တူ)၊
(၂) အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့် စာရွက် စာတမ်း၊
(၃) BCC စာရွက် (အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ်) မိတ္တူ၊
(၄) ရောင်းသူသည် မြေရှင် သို့မဟုတ် ကန်ထရိုက် မဟုတ်ပါက ရောင်းသူက အဆင့်ဆင့်ဝယ်ယူထား သည့် စာချုပ်များ (မိတ္တူ)၊
(၅) ခင်ပွန်း ကဝယ်ယူထားပြီး ဇနီးက ၎င်းကိုယ်တိုင်နှင့် ခင်ပွန်း၏ Sp/GP အရ ရောင်းချခြင်းဖြစ်က ၎င်းတို့ ၏အိမ်ထောင်စုဇယား နှင့် Sp/Gp (မိတ္တူ)၊
(၆) မူလဝယ်ယူသူကိုယ်စား SP/Gp ရသူက ရောင်းချခြင်းဖြစ်က Sp/GP ( မိတ္တူ ) နှင့် ကိုယ်စားလှယ်ရသူ ၏ မှတ်ပုံတင် မိတ္တူ
(၇) အမွေဆက်ခံခွင့်ရသူ တဦးဦးက ရောင်းချခြင်းဖြစ်က အမွေဆက်ခံရရှိသည်ဆိုသည့် အထောက် အထား စာရွက်စာတမ်း (မိတ္တူ) စသည်တို့ ဖြစ်ပါသည်။
ဘာကြောင့် မိတ္တူရယူထားရန်လိုအပ်သလဲ
မိတ္တူများ ရယူထားမှသာလျင် အပြီးသတ် စာချုပ်မချုပ်မီသော် လည်းကောင်း ၊ ချုပ်ဆိုရမည့်နေ့တွင်သော် လည်းကောင်း ရောင်းသူဘက်မှ ပျက်ကွက်ပါက ဝယ်သူအနေဖြင့် တရားတစ်ထုံး စွဲဆိုရာတွင်အထောက်အထား အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ရယူထားရန်လိုအပ်ခြင်းဖြစ်ပါသည်။