ချစ်သူများနေ့မှာ အဖိုးအဖွားစုံတွဲတွေအတွက် လက်ဆောင်တွေ လိုက်ပေးတဲ့ ကိုပူတူးနဲ့ ဘော်ဒါများ
Valentine Day Surprise
အသက်တွေကြီးပေမဲ့…အချစ်တွေ မပျက်စီးသေးကြောင်း၊ အဖိုး…အဖိုးမှာ မိန်းမ ရှိလား၊ ရှိတယ် သား။ ဒီနေ့ ဘာနေ့လဲ သိလား အဖိုး
မသိပါဘူး သားရယ်။ ဒီနေ့က ချစ်သူများနေ့ အဖိုး…အိမ်မှာ ကျန်ခဲ့တဲ့ အဖွားအတွက် အဖိုးက ဒီ ဗူးလေး လက်ဆောင်ပေးလိုက်နော်၊ ဗူးထဲမှာ…ပိုက်ဆံရယ်…ချောကလက်ရယ်…cakeရယ်…ပုတီးနဲ့ ယောကီပုဝါလေး ပါတယ်။
အဖိုး က အဖွားကို ချစ်သူများနေ့ လက်ဆောင်ပေးလိုက်နော်၊ ဟာ…အဲ့လိုလား…(အဖိုးတွေ ပြုံးသွားတယ်)၊ ဟုတ် အဖိုး…ဂရုစိုက်ပြန်နော်
Box တွေကို သေချာ ထုပ်ပိုးပေးသော ကျနော့် သူငယ်ချင်း အပွင့် အား ကျေးဇူးတင်ရှိပါတယ်ဗျ။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးတို့ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…အဖိုးတွေ တခဏ အပူတွေ ပျောက်ပြီ အပျော်လေးတွေ မြင်လိုက်ရတာ ကြည်နူးမိပါတယ်
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ