ပြည်ပက ပြန်လာသူတိုင်းကို လေဆိပ်မှာ ပေါင်းစား ရိုက်စား လုပ်နေကြတဲ့ ခွင်အကြီးကြီး မိထားသူများ
လုပ်စားတိုင်းပြည်
တခြားအချို့နိင်ငံတွေတောင် Q မဝင်ရတော့ဘူး၊ ဝင်ရလဲ Home Q ဘဲ.. မြန်မာပြည် မှာတော့ အရသာတွေ့နေကြတာ ပြည်ပလေကြောင်းတွေပိတ် (ဒါမှ ပြည်တွင်းလေကြောင်းတွေရိုက်စား) ထား၊ ပြီးတော့ relief flight ဆိုလား charter flight ဆိုလား နာမည်တပ်ပြီး ဆွဲ၊ Q ကလဲ ၇ ရက် ၁၀ ရက် တဲ့အကွက်တွေက ရိုးလွန်းပါတယ်၊
ဘယ်နိုင်ငံမှာ မှ မြန်မာတွေပိတ်မိနေတာ မရှိတော့ဘူး၊ relief flight တို့ charter flight တို့လဲ နာမည်တပ်စရာမလိုတော့ပါဘူး၊ ပုံမှန်ဆွဲနေကြပြီဘဲ၊
နာမည်တပ်ပြီး လေယာဉ်ခတွေ တိုးတောင်း နေတာကတော့ မကောင်းပါဘူး၊ ပိုမတောင်းပါဘူးပြောရင် တခြားအဲလိုင်းတွေ ဖွင့်ပေးလိုက်လေ၊
ပြန်လာတဲ့သူကနေ မိသားစု ကို ကူးမှာစိုးလို့တဲ့၊ ရီရတယ်။ မိသားစု က လူစေ့ကူပြီးသွားပြီလေ၊ ကံဆိုးရင် ပြန်လာတဲ့သူက မိသားစု ကနေ ကူးနိုင်တာ၊ လုပ်စားတဲ့ အကွက်တွေက စိတ်ပျက်စရာဘဲ၊ ဟော်တယ်၊ ကျန်းမာရေး၊ လေကြောင်းလိုင်း မျက်လုံးလေး ဖွင့်ကြည့်ကြပါအုံး၊
ဒါကြောင့် မြန်မာပြည် မှာ ဘာဖြစ်ဖြစ် စားမယ် ဝါးမယ် ဆိုတဲ့ အဖွဲ့က သပ်သပ်ရှိတယ်။ သူများ နိုင်ငံတွေ မှာ Q ဝင်ဘို့ ကြိုက်တဲ့ ဟိုတယ် ရွေးလို့ရတယ်၊ (Than Naing)
နောက်ထပ် ကြားသိရတဲ့ သတင်းအရ Q မဝင်ချင်ရင် ဒေါ်လာ ၁၀၀၀ ပေးရမယ်လို့ သိရပါတယ်။ ဟိုတယ်၊ ဆေးရုံနဲ့ မူဝါဒ ချမှတ်တဲ့သူတွေ ပေါင်းစား ရိုက်စား လုပ်နေကြတဲ့ ခွင်အကြီးကြီး ဖြစ်နေတယ်လို့ သိရပါတယ်။