ခေတ်စားနေတဲ့ ဇလုံထမင်း၊ စကောထမင်းတို့နဲ့ ပတ်သက်တဲ့ အတိတ်တဘောင် နိမိတ်ဆောင်ခြင်း

အတိတ်တဘောင် နိမိတ်ဆောင်တဲ့၊ ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းတဲ့။

အမှန်ပါဘဲ။ ဆင်ခြင်စရာ ဇလုံထမင်းတဲ့၊ ဖက်ထမင်းတဲ့၊ စကောထမင်းတဲ့ ၊

မနေ့က ဆရာတော်ကြီးတစ်ပါးကို အားဆေးသွားကပ်ရင်းကြားနာခဲ့ရတဲ့ သြဝါဒ.. အခုခေတ်ကလူတွေ လူစိတ်မရှိတာလည်းမပြောနဲ့၊ ဒကာတို့စားနေတဲ့အစားအစာတွေကကော လူစားတာဟုတ်သေးရဲ့လား

တို့နယ်မှာ မကောင်းဆိုးဝါး ပြိတ္တာ၊ နာနာဘာဝတွေအတွက် ခေါစာပစ်ရင် စကောတို့၊ ဖက်ရွက်တို့နဲ့ ပစ်တယ်။ အခုခေတ် စားနေတာလည်းကြည့်ဦး..

စကောထမင်းတဲ့၊ ဖက်ရွက်ထမင်းတဲ့၊ ကြာရွက်ထမင်းတဲ့၊ ပြင်ထားပုံကို ဒကာတွေ ပြလို့ကြည့်မိတော့ ငါတို့ခေါစာပစ်တဲ့အတိုင်း ဟိုတစ်ပုံဒီတစ်ပုံနဲ့ ။

ဒို့အိမ်နီးချင်းနိုင်ငံမှာတော့ မကောင်းဆိုးရွားကျွေးရင် စဉ့်အင်တုံနဲ့၊ အခုလာပြန်ပြီ အင်တုံထမင်းတဲ့။ ဇလုံထမင်းဆိုတာလည်း ပြောရအုံးမယ်။ ဒို့လူကြီးသူမ စကားပေါ့ကွာ။ နိမ့်ကျတဲ့ အိမ်ရာတွေမှာပဲ ဇလုံနဲ့ ပုံစားတာကွ။ မြင့်မြတ်တဲ့ အကျင့်ရှိတဲ့အိမ်ရာတွေမှာ မသုံးဘူး..

မင်းတို့ပြောတော့ ခေတ်ကမကောင်းဘူး။ လူတွေမကောင်းတော့ဘူးတဲ့၊ မင်းတို့က လူလိုမှ မစား မကျင့်ကြတော့တာကိုးတဲ့။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page