မျက်စိမှုန်လို့ မျက်မှန်အထူကြီး တပ်နေရတဲ့သူတွေ ပါဝါကျစေနိုင်မယ့် သဘာဝ နည်းလမ်းကောင်း

ကျနော်က ပါဝါ ၄၀၀ ကျော်ရှိပါတယ် ပါဝါကျနိုင်မယ်လို့ ထင်ရတဲ့ သဘာဝနည်းလမ်းတခုတွေ့ထားပါတယ် ကျနော်လဲ စမ်းလုပ်နေဆဲပါ လူအများကိုမျှဝေချင်လို့ပါ။

ကျနော့် အိမ်ရှေ့က ‌အဒေါ်တယောက်က မျက်စိတစ်ဖက်မမြင်ရပါ ဘူးတဲ့ သူကလဲ ရှက်တော့ ဘယ်သူမှ မပြောဘူးတဲ့ ခွဲစိတ်ပြီးလဲ ကောင်းမလာလို့ လိုင်းပေါ် စူးစမ်းကြည့်တော့ ဆရာဝန်တယောက်ရေးထားတဲ့နည်းလမ်းကိုတွေ့ပြီး စမ်းလုပ်ကြည့်တော့ (၃လ) လောက်ကြာ‌တော့ ကောင်းကောင်းပြန်မြင်ရလာတယ်တဲ့

အဝေးက သစ်ပင်သစ်ရွက်တွေလဲ မြင်လာရတယ်တဲ့ သူလဲ ကျနော့်အမေကို နည်းလမ်းမျှဝေပါတယ် နည်းလမ်းက ဒီလိုပါ ရေကျက်အေး လိုပါတယ် ရေကျက်အေးဆိုတာက ပွက်ပွက်ဆူအောင် တည်ထားတဲ့ရေနွေးကို အအေးခံထားတဲ့ ရေပါ

ရေကျက်အေးရလာတဲ့ခါ ရုံးပတီသီးကို သေချာဆေးကြောပြီး အရှည်လိုက် လေးစိတ်လောက် ခွဲခြမ်းလိုက်ပါ (တယောက်စာကို ရုံးပတီသီး သုံးလေးခု ဆို လုံလောက်ပါပြီ) ခွက်တခုထဲ ကို ရေကျက်အေးနဲ့ ရုံးပတီသီးကို ( ညက‌နေမနက်ထိစိမ်ရပါတယ်)

ကျနော်တို့က မိသားစုလေးယောက်လုံးသောက်တာမို့ ရေလေးခွက် လေးယောက်စာ စလုံတခုထဲ စိမ်ထားလိုက်ပါတယ် တစ်ယောက်တည်းသမားဆို ရေတစ်ခွက်စာပေါ့ စိမ်တဲ့အခါမှာ အဖုံးတခုခုအုပ်ပေးဖို့လိုပါတယ် မနက်ရောက်တဲ့အခါ အရည်ချွဲချွဲလေးရပါမယ် ပုံစံကြည့်ရတာနဲ့ (အဖတ်တွေကိုဖယ်ရပါတယ်) ရေစစ်နဲ့ စစ်ထုတ်ရင်ပိုကောင်းပါတယ်

အရသာ ဆိုးဆိုးနဲ့သောက်ရခက်မယ်လို့ထင်ထားခဲ့တာ တကယ်တမ်းကျ ရေနဲ့မခြားနားပါဘူး အရသာလဲ မရှိပါဘူး သောက်ရလွယ်ပါတယ် အစားမစားခင်သောက်ရပါတယ် ရေတဖန်ခွက်စာပါ မျက်စိ မှုန်သူများအတွက် အကူညီ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်

ကျနော်လဲ စသောက်‌နေဆဲပါ သဘာဝနည်းလမ်းမို့ စမ်းကြည့်သင့်ပါတယ် ကျနော်တို့ လေးယောက်စာမို့လို့ နည်းနည်းများပါတယ် ဓာတ်ပုံထဲက အတိုင်းပါ ကျနော်တို့ကတော့ တနေ့တကြိမ်သောက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page