ဇင်ယော်စာလေးတွေ ရောင်းပြီး မိသားစု (၉) ယောက်ကို ရှာကျွေးနေရတဲ့ အသက် (၆၅) နှစ် အဘ

ပိုက်ဆံမရှိလို့ပါ…ရေနစ်တဲ့ သမီးလေးကို အလှူလုပ်ပေးချင်တာ

အဘ အသက် (၆၅)နှစ်၊ မိသားစု (၉)ယောက်ရှိပါတယ်…သား သမီး (၇)ယောက်ရှိပါတယ်။ ကမ်းနားမှာ ဇင်ယော်စာလေးတွေ ရောင်းတယ်…မိန်းမ နှင့် ကလေးတွေက ရေသန့်ဗူးအခွံ့ ဘီယာခွံ့ လိုက်ကောက်ကြတယ်။

လမ်းလျှောက်ရင်း…အဘမှ သားရယ်…အားပေးပါအုံး…အဘ စျေးဦးလုံးဝမပေါက်သေးလို့ပါ သား။ ဟုတ် အဘ…ဘယ်လိုရောင်းတုန်း။ အထုပ်သေးလေးတွေက ၁တွဲ – ၅၀၀ ပါ သား၊ အထုပ်ကြီးက ၁ထုပ် – ၁၀၀၀ ပါသားရယ်…အားပေးပါလား

ဟုတ်…အသေးလေးက ဘယ်နှတွဲရှိလဲ ဗျ၊ သား ၈တွဲရှိပါတယ်။ အကြီးကကော (၁၀)တွဲရှိပါတယ် သား ဒါဆို အကုန် ယူလိုက်မယ်နော်…အကုန် ထည့်ပေးပါနော်။

ဟာ…ဝမ်းသာလိုက်တာ…စျေးဦးပေါက်က အကုန် ရောင်းရပြီ။ အဘ အားလုံး ဘယ်လောက်ကျလဲ ဗျ။ (၂၄,၀၀၀) ကျပ်ပါ သားရေ… ကျေးဇူးတင်ပါတယ် နော်။

အဘ ရော့… ၁၀၀၀၀၀ ကျပ် နော်… ဟာ… သားရယ်…အများကြီးပဲ… ဟုတ်တယ်…အဘ လိုရာသုံးပါ။ ရေနစ်တဲ့ သမီးလေးအတွက် အလှူလုပ်ပေးချင်နေတာ…အဘမှာ ပိုက်ဆံမရှိလို့။

ဗျာ…အဘ ဘယ်လို၊ ဟုတ်တယ် သား…(၅)ယောက်မြောက် သမီးလေးက…ဟိုရှေ့က ဘောကြားထဲ ဇင်ယော်စာ ရောင်းရင်း…ပြုတ်ကျပြီ သေသွားတာ…(၃)လပဲ ရှိသေးတယ်။

အဘတို့ကို အိမ်မက် ခဏ ခဏ လာပေးတယ်… သူ့ကို အလှူလုပ်ပေးပါ လုပ်ပေးပါဆိုပြီ… အဘလဲ ပိုက်ဆံမရှိတော့ မလုပ်ပေးနိုင်ဘူး။

အရမ်း စိတ်ဓာတ်တွေကျပြီ… ခုမှ စျေးလေး ပြန်ရောင်းထွက်နိုင်တာ… အရင်ကဆို အဲ့ဘောပေါ်လေးမှာ ရောင်းတာ…ခု စိတ်မကောင်းလို့ ဒီနေရာလေးမှာ ရောင်းတာ၊ ဟုတ် အဘရယ်…စိတ်မကောင်းပါဘူး… သမီးလေးတွက် အလှူလုပ်နော်။

စိတ်ချပါ သားရယ်…အဘ သမီးလေးတွက် အလှူကြီး လုပ်ပေးနိုင်ပြီ…တအားလဲ ဝမ်းနည်းသလို…အရမ်းလဲ ပျော်တယ်

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဘကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ… ကိုယ့် သားသမီး အိမ်မက်လာပေးတာတောင်… ဘာမှ လုပ်မပေးနိုင်တာ… ဘယ်လောက် ဝမ်းနည်းနေရှာမလဲ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page