မနက်ဖြန် ရန်ကုန် တမြို့လုံးနီးပါး မီးပြတ်မည် (နေ့တဝက်ထက် ပိုပြတ်နိုင်ပါတယ်)

မနက်ဖြန် ရန်ကုန် မြို့နယ် ၃၀ မီးပြတ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၁၆.၁၂.၂၀၂၁) ရက်နေ့၊ (ကြာသပတေးနေ့) တွင် (၀၉:၀၀)နာရီ မှ (၁၂:၀၀)နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မနက်ဖြန် လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ့် မြို့နယ်များကို ဖော်ပြ ပေးလိုက်ပါတယ်-

၁။ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ၂။ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၃။ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ၄။ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ၅။သင်္ဃန်းကျွန်း၊ ၆။မြောက်ဉက္ကလာ၊ ၇။ရွှေပေါက်က္ကံ၊ ၈။ကြည့်မြင်တိုင်၊ ၉။လမ်းမတော်၊ ၁၀။အလုံ၊ ၁၁။လှိုင်၊ ၁၂။မရမ်းကုန်း၊ ၁၃။သန်လျင်၊ ၁၄။ကျောက်တန်း၊ ၁၅။ခရမ်း၊ ၁၆။သုံးခွ၊ ၁၇။တံတား၊ ၁၈။ကော့မှူး၊ ၁၉။လှည်းကူး၊ ၂၀။ဖောင်ကြီး၊ ၂၁။ထောက်ကြန့်၊ ၂၂။မြောင်းတကာ၊ ၂၃။မှော်ဘီ၊ ၂၄။မင်္ဂလာဒုံ၊ ၂၅။လှိုင်သာယာ(အရှေ့ပိုင်း)၊ ၂၆။လှိုင်သာယာ(အနောက်ပိုင်း)၊ ၂၇။ရွှေပြည်သာ၊ ၂၈။ အင်းစိန်မြို့နယ်။ ၂၉။ ကွမ်းခြံကုန်း၊ ၃၀။ တွံတေး

အထက်ပါ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးပန်ကြားထားပါတယ်။

ပြတ်တောက်ချိန် မည်မျှ ကြာမြင့်မည်ကို မခန့်မှန်းနိုင်သောကြောင့် အဆိုပါ မြို့နယ်များအတွင်း နေထိုင်ကြသူများ လုပ်စရာ ရှိတာများကို ကြိုတင်လုပ်ထားကြဖို့ ကြိုတင်အသိပေး လိုက်ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page