စင်ကာပူကုမ္ပဏီက ချောက်ရေနံမြေမှာ ရေနံလာတူးရခြင်းရဲ့ အကြောင်းရင်း နောက်ကွယ်

နိုင်ငံတာဝန်ထမ်းဆောင်တဲ့သူဆို မပိန်းရင်၊ မယုတ်မာ မကောက်ကျစ်ရင် ကောင်းမယ်။ အခုတော့ကြည့်။ ရေနံထုတ်ဖို့ စိန်ထွက်တဲ့နေရာကို တိုင်းတပါးကို ပေးတယ်။ ရေနံချက်ဖို့က ရေနံအထွက်နှုန်း အရမ်းကောင်းမှ စီးပွါးဖြစ်လုပ်လို့ရပြီး ထုတ်လုပ်စရိတ်တွေ ကာမိမှာ။

အခုကျတော့ စိန်ထွက်တဲ့ နေရာမှာ ရေနံချက်စက်ရုံတည်တယ်တဲ့။ သူတို့လိုချင်တာက စက်မှုလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ရတနာတန်းမဝင်တဲ့ မာဆင့်မြင့်တဲ့ စက်မှုလုပ်ငန်းသုံးစိန်တွေ။ ရေနံထွက်တဲ့နေရာမှာ စက်မှုလုပ်ငန်းသုံးစိန်တွေက အမြောက်အမြားထွက်သလို ရတနာတန်းဝင်တဲ့ စိန်တုံးလေးတွေလည်း ထွက်တယ်။

ဒါကို သိသိနဲ့ တိုင်းပြည်မငြိမ်သက်နေချိန်မှာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာနေဆဲဆိုတာ ပြဖို့ တိုင်းတပါး သူခိုးတွေကို အကြံအဖန် လုပ်ခွင့်ပေးကြတာလား။ ပေါင်းစားကြတာလားတော့ နားကို မလည်တော့ဘူး။ (Aung Kyaw Oo)

စင်္ကာပူနိုင်ငံရဲ့ စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ အင်တာရာက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ဂိုးပတ်ထရို ပူးပေါင်းကုမ္ပဏီက မြန်မာနိုင်ငံ ချောက်ရေနံမြေမှာ ရေနံတွင်း CHK 1238 စတင်တူးဖော်နေပြီလို့ သိရပါတယ်။

တူးဖော်ရေးလုပ်ငန်းများကို ဂိုးပတ်ထရိုကုမ္ပဏီရဲ့ ဌားရမ်းထားတဲ့ ZJ 750 တူးစင်ကို အသုံးပြုတူးဖော်နေတာကြောင့် တူးဖော်မှုကုန်ကျစရိတ် နည်းပါးလိမ့်မယ်လို့ သိရပါတယ်။

ကုန်းတွင်းလုပ်ကွက်နှစ်ခုဖြစ်တဲ့ ရေနံချောင်းနဲ့ ချောက်ရေနံမြေတို့မှာ ရေနံတူးဖော်ထုတ်လုပ်ခွင့်အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ဂိုးပတ်ထရိုကုမ္ပဏီ တို့အကြား ၁၉၉၆ ခုနှစ်မှာ နှစ် ၂၀ သက်တမ်းရှိ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ကာလရှည်စာချုပ် သက်တမ်းပြည့်ပြီး ယခုအခါ နောက်ထပ် ၁၁ နှစ် တူးဖော်မှုအတွက် သက်တမ်းတိုး သဘောတူညီထားကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ ကုန်းတွင်းရေနံလုပ်ကွက်နှစ်ခုမှ ရေနံစည်ပေါင်း ၉၇၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့တယ်လို့ စင်ကာပူအခြေစိုက် အင်တာရာကုမ္ပဏီက ပြောကြားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page