အလှူဒါနမှာ ကမ္ဘာ့အရက်ရောဆုံး ဖြစ်ပေမယ့် တနိုင်ငံလုံး ဒုက္ခရောက်နေရတဲ့ အဓိက အကြောင်းအရင်း

အလှူအတန်းရက်ရောကြပါရဲ့နဲ့ တစ်နိုင်ငံလုံး လောင်မီးကျသလိုဖြစ်နေတာက လူတစ်ချို့ရဲ့ ကိုယ်ကျင့်တရားမကောင်းမှုကြောင့် ဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်က ဒါနထက် သီလကို ပိုချီးမွမ်းတော်မူတယ်။

ကိုယ်ကျင့်တရားမကောင်းတာက ကိုယ့်စိတ်ကို မထိန်းသိမ်းနိုင်ကြလို့ဖြစ်တယ်။ ဒါကြောင့် ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်ကြအောင် ဝိပဿနာတရားကို ဘုရားရှင်က ဟောပေးတော်မူတယ်။

လှူနိုင်ဖို့အတွက် ကိုယ်ကျင့်တရားကို ချိုးဖောက်ပြီး မမှန်မကန်မလုပ်ကြပါနဲ့။ လှူနိုင်ဖို့အတွက် ကြိုးစားတာထက် ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်အောင် ပိုကြိုးစားကြပါ။

မလှူနိုင်လို့ အရှက်တကွဲ အကျိုးနည်းမဖြစ်ပါဘူး။ ကိုယ်ကျင့်တရားမကောင်းမှ အရှက်တကွဲ အကျိုးနည်းဖြစ်ပါမယ်။ ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်မှ အရှက်တကွဲ အကျိုးနည်းဖြစ်ပါမယ်။

Ashin Khema Nanda

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page