အကြွေးတောင်းတာ အကျင့်ပါနေတဲ့ အီးပီစီနဲ့ မီတာ မဆောင်ရရင် မနေနိုင်သူတဦးရဲ့ ဖွင့်ဟဝန်ခံချက်

ဒီအချိန်မှာ မီတာမဆောင်ရရင် မနေနိုင်သူတဦး ကြုံတွေ့ခဲ့ရတဲ့ အကြွေးတောင်းတာ အကျင့်ပါနေတဲ့ အီးပီစီ အကြောင်းကို ဖော်ပြလိုက်ပါတယ်-

အီးပီစီ ကို တော်တော် တင်းလာပြီ အိမ်ကို မီတာစာရွက် လာမပေးလို့ အဲ့နားရောက်တုန်းလေး ၃ လစာ တာဝန်သိသိ မီတာဆောင်လာတယ်၊ ကဲ နောက် ၂ ရက်ကျ မီတာစာရွက် ၃ ရွက် အစောကြီး လာပေးသွားတယ်

ဘာကြီးတုန်းလို့ မေးတော့ မီတာစာရွက်လာပေးတာတဲ့လေ၊ အမ တနေ့ကမှ လာဆောင်သွားတာဆိုတော့ ဒါဆိုလည်း သိမ်းထားလိုက်ဆိုဘဲ၊

အံ့ရော ဥာဏ်ကြီးရှင်တွေ.. နောက်တလကျ စာရွက် ၂ ရွက် လာပေးပြန်ရော.. မအားတာနဲ့ ၁ ရက်လေးလွန်တာကျ ဒဏ်ငွေ ၃၀၀၀ တဲ့လေ မပြောပါဘူး လှူလိုက်တယ်ဘဲ သဘောထားလိုက်တယ်.

ခုကျ လာပေးပြန်တဲ့ ၂ ရွက်ကို သေချာကြည့်လိုက်တော့ ကြွေးကျန်လေး ဆိုတာလေးတွေ့ပြီး ဒေါသက ထွက်လာရော.. တခါလည်း နှစ်ခါလည်းမဟုတ် စာမတတ်တာလား လူအင်အားမလောက်တာလား ထောင့်မစေ့တာလား

ချက်ချင်းဘဲ ရုံးသွားပြီး.. ဒါက ဘာကြွေးကျန်လည်းလို့မေးတော့ အမတို့ အရင်လက မဆောင်တာဆိုဘဲ.. ဒီမှာကြည့်ဆိုပီး ချလံပြတော့. ရပါတယ် ဖျက်ပေးပါ့မယ်တဲ့.. သူတို့ကျ လွယ်လိုက်တာ ကိုတွေ နောက်ကျ ဒဏ်ကြေးတဲ့ သြချလောက်ပါတယ် အီးပီစီ ရယ်..

ဝန်ထမ်းမလောက်ဘူးလို့ ပြောရအောင်လည်း နေ့လည်ကျသွားကြည့်ကြည့် ငုတ်တုတ် ဝိုင်ဖိုင် လေးနဲ့ လက်ထဲ ဖုန်းကိုယ်စီနဲ့ အလုပ်တွေကိုဖြစ်လို့ ဘယ်တော့များမှ တိကျမှန်ကန် နည်းစနစ် မှန်မှန် ဖြစ်ပါ့မလဲ မျှော်မိနေဆဲ..

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page